MNP ၊ ဧပြီ ၁
မွန်ပြည်နယ်၊သထုံခရိုင်၊ပေါင်မြို့နယ်တွင်နွေစပါးစိုက်တောင်သူများ၊စပါးမျိုးကောင်း၊မျိုးသန့်များစိုက်ပျိုးပြီး ဝင်ငွေတိုးပွားစေရန်အတွက် နွေစပါးစံကွက် ရိတ်သိမ်းခြင်းကွင်းသရုပ်ပြပွဲကို ယနေ့နေ့လယ် ၁နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥဣဌ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးသိုက်ထွန်း ၊ပေါင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှုး ဦးကျော်စွာလှိုင်၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးဦးစီးဌာနဦးစီးမှုး၊မွေးမြူးရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးမှုး ဒေါက်တာသက်နိုင်နှင့်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့သည်။
အဆိုပါနွေစပါးစံကွက်ရိတ်သိမ်းခြင်းကို ပေါင်မြို့နယ် ကတွန်ကျေးရွာ ကွင်းအမှတ်(၇၇၃)၊ဦးပိုင်အမှတ် ၂၉/၇ တောင်သူ ဦးမင်းမောင်၏ ပြည်တော်ရင်စပါး ၄.၇၅ဧကရှိ စံကွက်အားရိတ်သိမ်းခြွေလှေ့ခဲ့ရာ တစ်ဧက ပျှမ်းမျှအထွက် ၁၁၀.၃၈တင်းကျော်ခန့်ထွက်ရှိခဲ့ကြောင်း ယခင်နှစ်က တင်း(၈၀)နှင့်(၉၀)ကြားသာရရှိခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာန မှသိရသည်။
ပေါင်မြို့နယ်တွင်နွေစပါးစိုက်ဧကပေါင်း (၁၈၃၂၅)ဧကရှိပြီးယခုချိန်တွင် နွေစပါးတင်းတစ်ရာကို ငွေကျပ် ခုနှစ်သိန်းသုံးသောင်းခန့်ရှိနေ ပြီးဖြစ်ကြောင်းသတင်းရရှိသည်။
သတင်း - တင်ဇာစိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment