MNP ၊ ဧပြီ ၁
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်အား နံနက် ၉ နာရအချိန်က စတင်ကာ မြန်မာ တစ် နိုင်ငံလုံးတွင် တစ်ပြိုင်နက်တည်းဖြေဆိုလျှက်ရှိရာ မြောက်ဦးမြို့နယ်အတွင်း စာစစ်ဌာန(၇)ခု၌ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၂၅၁၅)ဦးတို့က တည်ငြိမ်အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျှက် ရှိကြောင်း သိရသည်။
ထို့နောက် ကျောင်းသား၊ကျောင်းသူများ အေးချမ်းတည်ငြိမ်စွာဖြေဆိုနိုင်ရန်အတွက် မြို့နယ်အ ဆင့်ဌာနဆိုင်ရာများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊မြန်မာနိုင်ငံကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များမှအတွင်းစည်း၊ အပြင်စည်းများဖြင့် ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးလျှက်ရှိသည်။ မြောက်ဦးမြို့နယ်အတွင်းရှိစာ စစ်ဌာန (၇)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် စာရင်းရှိကျောင်းသား၊ ကျောင်း သူစုစု ပေါင်း (၂၇၄၅)ဦးရှိပြီး အထက-ထမ္မရာဇ်မြို့သစ် စာစစ် ဌာနတွင် ဝင်ရောက်ဖြေဆိုသူ (၆၈၃)ဦး၊ အထက-၂ စာစစ်ဌာနတွင်(၃၆၈)ဦး၊ အထက(ခွဲ) အလက (၁)စာစစ်ဌာနတွင်(၄၁၇)ဦး၊ အထက(ခွဲ)အလက(၃)စာစစ်ဌာနတွင်(၂၂၇)ဦး၊ အထက-မြောင်းဘွေ စာစစ်ဌာနတွင်(၃၀၃)ဦး၊ အထက-တိမ်ညို စာစစ်ဌာနတွင်(၃၀၂)ဦး၊ အထက-ကျီရာပြင် စာစစ် ဌာနတွင်(၂၁၅)ဦး စုစုပေါင်း ဝင်ရောက်ဖြေဆိုသူ(၂၅၁၅)ဦးတို့ဝင်ရောက်ဖြေဆိုလျှက်ရှိကြောင်း သိရသည်။
သတင်း - မြင့်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment