မင်းဘူး၌ ပွင့်လင်းရာသီရောက်လာသော်လည်း အုတ်လုပ်ငန်းများ ပုံမှန်အတိုင်း ရောင်းချနေ - Myanmar National Post

Myanmar National Post

News Agency

Breaking

မင်းဘူး၌ ပွင့်လင်းရာသီရောက်လာသော်လည်း အုတ်လုပ်ငန်းများ ပုံမှန်အတိုင်း ရောင်းချနေ

 


MNP - ဧပြီ     ၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ အမှတ်(၂) ကျောက်တခါးရပ်ကွက်မှ အုတ်ထုတ်လုပ် ရောင်းချသူများသည်  ပွင့်လင်းရာသီ ရောက်လာသော်လည်း  အုတ်လုပ်ငန်းများ ပုံမှန် အတိုင်းသာ ရောင်းချနေရကြောင်း အုတ်လုပ်ကိုင်သူများထံမှ သိရသည်။

အုတ်များ လုပ်ကိုင်ရာတွင် အုတ်လုပ်သည့် မြေများကို ကားတစ်စီးလျှင် ၁၂၀၀၀ ကျပ်ပေးဝယ်၍ စုဆောင်းထားရကြောင်း၊ စုဆောင်းထားသည့် မြေများမှ အုတ်လုပ်ဖို့ လိုသလောက်မြေများကို ရေဖျန်း၍ နှပ်ပေးထားရကာ နှပ်ပြီးသား ရွှံ့မြေများကို ပုံစံခွက်ထဲ ထည့်ရိုက် လှီးဖြတ်ပြီး နေလှမ်းသည့်နေရာသို့ လက်တွန်းလှည်းဖြင့် ပို့ပေးရသည်။ ငါးရက်ခန့် နေလှမ်းပြီးမှ မီးဖုတ်ကာ ရောင်းချရသည်။ အုတ်များကို အလျှား ၉ လက်မ အနံ ၄ လက်မခွဲ ထု ၃ လက်မ ထုတ်လုပ်ပြီး အုတ်ခဲတစ်လုံး ၁၀၀ ကျပ်ရောင်းချရသည်။

 "ကျွန်တော်တို့ အုတ်လုပ်ငန်းမှာ အလုပ်သမား (၃၀) ဦး ခန့်ရှိပြီး လုပ်အားခအနေဖြင့် အုတ်ခဲတစ်လုံး (၂၅) ကျပ်ပေးရကာ တစ်ယောက်ကို အုတ်ခဲလုံးရေ ၄၀၀ အထိ ပြီးပါတယ်။ အလုပ်သမားများဟာ အနီးအနား ဝန်းကျင် ရပ်ကွက်များမှဖြစ်၍ သူတို့မိသားစုများနဲ့ အိုးမကွာ အိမ်မကွာနေရေးထိုင်ရေး အဆင်ပြေကြပါတယ်။ ကျွန်တော်တို့ကတော့ ပွင့်လင်းရာသီ ရောက်လာပေမဲ့ ကိုဗစ်-၁၉ နှင့် အိုမီခရွန်  ရောဂါများကြောင့် ပုံမှန်အတိုင်းသာ ရောင်းချနေ ရပါတယ် '' ဟု အုတ်လုပ်ကိုင် ရောင်းချသူ ဦးသက်ထွန်းက ပြောသည်။

သတင်း - ဇေယျာထက် 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)