ဖြူးမြို့နယ်ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၃)သင်တန်း ဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖြူးမြို့နယ်ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၃)သင်တန်း ဆင်းပွဲကျင်းပ



MNP - ဧပြီ    ၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် အမျိုးသမီးငယ်များ အိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာ တတ်မြောက်ပြီး မိသားစု ဝင်ငွေရရှိစေရေးအတွက် ရည်ရွယ်ပြီး နယ်စပ်‌ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ကွပ်ကဲမှု‌အောက်ရှိ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း (ဖြူး)၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၃)သင်တန်း(၄)လတာ သင်တန်း ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး  သင်တန်းဆင်းပွဲကို  ယနေ့နံနက်(၈)နာရီက အဆိုပါ သင်တန်းကျောင်း ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲတွင် ဖြူးမြို့နယ် အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ် ရေးမှူး ဦးမြတ်မင်းမောင်က  သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့သည်။  ထို့နောက် သင်တန်း ထူးချွန်ဆုများ ချီးမြှင့်ရာတွင် သင်တန်းထူးချွန်ဆု ရရှိသူ ကျောက်ကြီးမြို့နယ်၊ ရေတွင်းကုန်းကြီး ကျေးရွာနေ နော်နှင်းသန္တာအား ဖြူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးခင်မောင်စိုးက လည်းကောင်း၊ ဒုတိယဆုရရှိသူ ဖြူးမြို့ပေါ်မှ မမြတ်နိုးခင်အား ဖြူးမြို့နယ်လမ်းဦးစီးဌာနမှူး ဦးသန့်ဇင်က လည်းကောင်း၊ တတိယဆုရ ဖြူးမြို့နယ်၊ ရွာတန်းရှည်ကျေးရွာနေ နော်ခိုဘလုထူး အား ဖြူးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးသိန်းကျော်က လည်းကောင်း ပေးအပ်ချီးမြှင့်ပေးခဲ့ပြီး သင်တန်းဆင်း အောင်လက်မှတ်များအား အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဆွေရီက ပေးအပ်ရာ သင်တန်းသူများ၏ ကိုယ်စား သင်တန်းသူတစ်ဦးက လက်ခံရယူခဲ့ကြောင်း သိရသည်။

အဆိုပါ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ် သင်တန်းအမှတ်စဉ် (၃)သင်တန်းတွင် သင်တန်းသူ (၄၀)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ (၃၀-၁၁-၂၀၂၁)ရက်နေ့မှ  (၃၁-၃-၂၀၂၂)ထိ  အထည်မျိုးစုံ ချုပ်လုပ်နည်း၊ ဇာထိုးပန်းထိုးပညာများ၊ မုန့်မျိုးစုံလုပ်နည်းစသည့် အမျိုးသမီး အိမ်တွင်းမှု အတတ်ပညာရပ်များကို သင်ကြားပို့ချပေး ခဲ့ကြောင်း သိရသည်။

သတင်း - နေမျိုးလွင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)