ဝန်ထမ်းများ အရည်အသွေးမြင့်မားစေရေး လုပ်ငန်းခွင်အရည်အချင်းစစ်စာမေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝန်ထမ်းများ အရည်အသွေးမြင့်မားစေရေး လုပ်ငန်းခွင်အရည်အချင်းစစ်စာမေးပွဲကျင်းပ





MNP - ဧပြီ   ၁

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက ဝန်ထမ်းများ အရည်အသွေး မြင့်မားစေရေး လုပ်ငန်းခွင်အရည်အချင်းစမ်းစစ်ချက် (တတိယအကြိမ်) ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုးက ဝန်ထမ်း များအရည်အသွေးမြင့်မားရေးနှင့် ရုံးလုပ်ငန်းများ စနစ်တကျရှိစေရန် ရည်ရွယ်ကာ ဝန်ထမ်းများ၏ လုပ်ငန်းခွင်အရည်အချင်းစစ်စာမေးပွဲကို ကောင်းသောယှဉ်ပြိုင်ခြင်းဖြင့် စမ်းစစ်စာမေးပွဲကျင်းပရခြင်း ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ရမည်းသင်းခရိုင် ပြန်/ဆက်ရုံးဝန်ထမ်း(၁၀)ဦးတို့မှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ထုတ်ဝေသည့် ရုံးလုပ်ငန်းလက်စွဲစာအုပ် အခန်း(၃)နှင့်(၄)မှ ထွက်စာများကို အရေးယူဆောင်ရွက်ခြင်းရည်ရွယ်ချက်၊ လုံခြုံမှုအဆင့် အတန်းတို့ကို ရေးဖြေ၊ ဖြေဆိုခဲ့ကြပြီး ဦးစီးအရာရှိ ဦးဖုန်းနိုင်နှင့် ရုပ်သံကျွမ်းကျင်(၃)ဒေါ်အေးအေးမွန်တို့က ရုံးလုပ်ငန်းလက်စွဲစာအုပ်မှ အခန်း(၅)၊ (၆)နှင့်အခန်း(၇)ကိုဖတ်ကြားကာ ခရိုင်ဦးစီးမှူးက ခေါင်းစဉ်တစ်ခုချင်းကို ဆွေးနွေးရှင်းလင်းပြီး အရည်အချင်းစစ်စာမေးပွဲကို ဧပြီ ၂၀ ရက်နေ့တွင် ရေးဖြေဆောင်ရွက်သွားမည်ဖြစ်ကာ လစဉ်တစ်လ ၂ ကြိမ် ဆွေနွေးပြီး စမ်းစစ်ချက်ကို ၂ ကြိမ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်း - ဇာ်ဝင်းအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)