မိုင်းဖြတ်မြို့၊ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို) ကျောင်းတိုက်၌ (၂၆)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းဖြတ်မြို့၊ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို) ကျောင်းတိုက်၌ (၂၆)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကျင်းပ


MNP - ဧပြီ    ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် (၁၀၈)နာရီတိုင်တိုင် ရွတ်ဖတ်ပူဇော်မည့် (၂၆)ကြိမ်မြောက် မဟာပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၅ နာရီက ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို) ကျောင်းတိုက်ရှိ မင်္လာသီရိကျောင်းဆောင်၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ထို့နောက် နမ့်ပန်ကျောင်းဆရာတော် ဘဒ္ဒန္တပညာသီရိက ရောင်ခြည်တော်ဖွင့် ဂါထာဖြင့် ဘုရာင့်ပင့်တော်မူခဲ့ပြီးနောက် ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို) ကျောင်းဆရာတော် (အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇ) ဘဒ္ဒန္တနန္ဒောဘာသထံမှ တရားနာပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။

ဆက်လက်၍ ဘဒ္ဒန္တမာနိတ အရှင်သူမြတ်ပ ပဋ္ဌာန်းတရားနာကြားရန် နတ်ဗြဟ္မာများ ပင့်ဖိတ် ခြင်းကိုလည်းကောင်း၊ ဘဒ္ဒန္တသောဘိတအရှင်သူမြတ်က ပဋ္ဌာန်းဒေသနာတော်ရွတ်ဖတ်ပူဇော် ရန် တိုက်တွန်းနိုးဆော်လွှာ (ပဋ္ဌာန်းအမွှန်း)ကို လည်းကောင်း ရွတ်ဖတ်ခဲ့ကြသည်။

ယင်းနောက် သံဃာတော်အရှင်သူမြတ်များနှင့် တရားနာပရိတ်သတ်အပေါင်းတို့က ပဋ္ဌာန်းပစ္စယုဒ္ဒေသပါဠိတော်များကို ရွတ်ဖတ်ခဲ့ကြပြီးနောက် အလှည့်ကျ ဘဏကဆရာတော်က ပဋ္ဌာန်း တရားတော်မြတ်ကို စတင်ရွတ်ဖတ်ပူဇော်ခဲ့သည်။

အဆိုပါ (၁၀၈)နာရီတိုင်တိုင် ရွတ်ဖတ်ပူဇော်မည့် မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ဧပြီလ ၁၂ ရက်မှ ၁၇ ရက်နေ့အထိ ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - သန်းထွန်းအေး


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)