ကလောမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလောမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်




MNP - ဧပြီ   ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ ကလောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၀  နာရီခွဲအချိန်က စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်နန်းအေးခိုင်က ၂၁ ရာစုမှာ နည်းပညာဟာခတ်စနစ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်လာသည့်အတွက်ကြောင့် စာအုပ် စာပေများကိုလေ့လာဖတ်ရှု့မှု အားနည်းလာသည့်အတွက် နည်းပညာတစ်ခု တီထွင် ထုတ်လုပ် ဖို့ဆိုရန် စာအုပ်စာပေများကို ဦးစွာဖတ်ရှုလေ့လာပြီးမှ လက်တွေစမ်းသပ် အကောင်အထည် ဖော်ဆောင်ရွက်ရကြောင်း၊ သုတစာပေလေ့လာဖတ်ရှု့ခြင်းဖြင့် မိမိတို့ ဦးနှောက်ကို ဖွံ့ဖြိုးတိုးတက်လာနိုင်ကြောင်း၊ ရသစာပေလေ့လာဖတ်ရှု့ခြင်းဖြင့် မိမိတို့စိတ် သဘောထား နူးညံ့သိမ်မွေ့ပျော့ပြောင်းလာပြီး ကိုယ်ခြင်းစာတရားတွေရရှိမှာဖြစ်ကြောင်း စသည့် အကြောင်းအရာများပြောကြားခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များအား မေးမြန်းခဲ့ရာ ဦးစီးအရာရှိက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

သတင်း - ကျော်ဝင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)