နောင်ချိုမြို့ သဖန်းကိုင်းပရဟိတဆရာတော်အား သာသနာရေး၊ ပရဟိတအရေးများတွင် အသုံးပြုရန် မော်တော်ယာဉ်တစ်စီးလှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

နောင်ချိုမြို့ သဖန်းကိုင်းပရဟိတဆရာတော်အား သာသနာရေး၊ ပရဟိတအရေးများတွင် အသုံးပြုရန် မော်တော်ယာဉ်တစ်စီးလှူဒါန်း

 


MNP - ဧပြီ   ၂ 

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင် နောင်ချိုမြို့ သဖန်းကိုင်းပရဟိတ ဆရာတော်အား သာသနာရေး၊ ပရဟိတအရေးကိစ္စများတွင်အသုံးပြုရန် မော်တော်ယာဉ်တစ်စီးကို ယမန်နေ့က လှူဒါန်း ခဲ့ကြောင်းသိရသည်။ လှူဒါန်းရာတွင် ပြင်ဦးလွင်မြို့ ရေချမ်းအိုးရပ်ကွက်နေဘုရား၊ သိမ်၊ ကျောင်း ရဟန်းဒါယိကာမကြီးဒေါ်တင်ရီမှ သဖန်းကိုင်းပရဟိတဆရာတော် သဒ္ဓမ္မဇောတိကဓဇဒေါက်တာ ဘဒ္ဒန္တ ပညာလင်္ကာရအား သာသနာရေး၊ ပရဟိတအရေးကိစ္စများတွင်အသုံးပြုရန် INSIGHT မော်တော်ယာဉ် တစ်စီးကို လှူဒါန်းပေးခဲ့ကြောင်း သဖန်းကိုင်းပရဟိတဆရာတော်ထံမှ သိရသည်။     

သဖန်းကိုင်းပရဟိတဆရာတော်သည် သဖန်းကိုင်းပရဟိတအသင်းကို ဦးဆောင်ဖွင့်လှစ်ထားပြီး မြို့နယ်အတွင်း ဘာသာရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးကိစ္စများကို ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်းသိရသည်။      

သတင်း - ထွေးငယ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)