MNP - ဧပြီ ၁၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ကိုဗစ်-၁၉ရောဂါ အန္တရာယ်ကင်းဝေးစေရန်နှင့် ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်သွားနိုင်ရန်အတွက် ၁၀၀ ရာခိုင်နှုန်းပြည့်မီရေး အိမ်တိုင်ရာရောက် ကျေးရွာအရောက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သဲကုန်းမြို့နယ် ဗြဟ္မာ့အင်းအုပ်စု၊ ဗြဟ္မာ့အင်းရွာ၊ ညောင်ဝင်းအုပ်စု၊ ညောင်ဝင်း ကျေးရွာ၊ ဓမ္မမာမကပညာဒါနကျောင်း တပ်ရွာတို့တွင် ဧပြီလ ၁၈ရက်နေ့တွင် အသက်(၁၅)နှစ်မှ (၁၈) နှစ်အထိ ပထမအကြိမ် Sinovac ကာကွယ်ဆေး(၁၂)ဦး၊ ၁၈နှစ်အထက် ပြည်သူ (၈၉)ဦး၊ ဒုတိယအကြိမ် (၁၃၄)ဦး၊ Booster(၁)ဦး စုစုပေါင်း (၂၂၄)ဦး ထိုးနှံပေးခဲ့သည်။
သဲကုန်းမြို့နယ်တွင် ယမန်နေ့ကအထိ ပထမအကြိမ် ကာကွယ်ဆေးထိုးပြီးသူ (၈၇၄၀၉)ဦး၊ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးပြီးသူ (၇၀၉၁၉)ဦး၊ Booster ထိုးပြီးသူ (၇၃၆၁)ဦးရှိပြီး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး တစ်အိမ်တက်ဆင်း လိုက်လံစာရင်းကောက်ယူ၍ အိမ်တိုင်ရာရောက်၊ ကျေးရွာအရောက် ကာကွယ်ဆေး ထိုးနှံခြင်းကြောင့် ရရှိမှု အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြား စည်းရုံးဆောင်ရွက်၍ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
သတင်း - ဝင့်နန္ဒာဌေး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment