မိတ္ထီလာခရိုင်တွင် ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် ၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာခရိုင်တွင် ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် ၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ




MNP - ဧပြီ   ၁၉

မိတ္ထီလာခရိုင်တွင် ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။              

အခမ်းအနားတွင် မိတ္ထီလာခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက အဖွင့်အမှာစကားပြောကြားပြီး မိတ္ထီ လာခရိုင် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး ခရိုင်စီမံကိန်း ရေးဆွဲ ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်အေးအေးသန်းက ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များနှင့် ပတ်သက်၍ ပြောကြားရာတွင် မိတ္ထီလာခရိုင်၏ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်မှာ ဒေသန္တရစီမံကိန်း၏ စုစုပေါင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးရည်မှန်းချက်ကို လယ်ယာကဏ္ဍ ကြီးတွင် ၈.၈ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍကြီးတွင် ၅.၄ ရာခိုင်နှုန်း၊ ဝန်ဆောင်မှုကဏ္ဍကြီးတွင် ၄.၃ ရာခိုင်နှုန်းဖြင့် စုစုပေါင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု တန်ဖိုးကို ၁၅၁၉.၀၇၁ ဘီလီယံရရှိရန်နှင့် ၅.၆ ရာခိုင်နှုန်းတိုးတက်ရန် ရည်မှန်းထားပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် မိတ္ထီလာ ခရိုင်စီမံ ကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်တို့က  ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များအား မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီ ဥက္ကဋ္ဌများနှင့် သက်ဆိုင်ရာ ဌာနများမှ ခရိုင်ဦးစီးမှူးများအား စီမံကိန်းတာဝန်များ  အသီးသီးပေးအပ်ခဲ့ပြီး မိတ္ထီလာခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ သည်။  

မိတ္ထီလာခရိုင်၏ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် လုပ်ငန်း အရေ အတွက် ၂၀၁ ခု နှင့် ရင်းနှီးမြှုပ်နှံမှု တန်ဖိုးကျပ်သန်းပေါင်း ၆၂၁၂.၅၉၇ သန်းဖြင့် ဆောင်ရွက် နိုင်ရန် လျာထားခဲ့ပြီး ၎င်းလျားထားချက်ဖြင့် ဦးစီးဌာန ၁၂ ခုမှ ဆောက်လုပ်ရေးလုပ်ငန်း ၅၀ ခုနှင့် အခြား လုပ်ငန်းများဖြစ်သည့် စိုက်ခင်းတည်ထောင်ခြင်း၊ ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းလုပ်ငန်း ၁၁ ခု ဆောင်ရွက်သွားမှာဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ ဆောက်လုပ်ရေး လုပ်ငန်း ၁၂၃ ခုနှင့် စက်ပစ္စည်းဝယ်ယူမှုလုပ်ငန်း ၁၇ ခု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မိတ္ထီလာ ခရိုင် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး ခရိုင်စီမံကိန်း ရေးဆွဲရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်အေးအေးသန်းထံမှ သိရသည်။

သတင်း - သိန်းမြင့်ကျော္

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)