ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ အင်ကြင်းမြိုင်တဲတိုက်သို့ သောက်သုံးရေ ၁၆၀၀ ဂါလံ လှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ အင်ကြင်းမြိုင်တဲတိုက်သို့ သောက်သုံးရေ ၁၆၀၀ ဂါလံ လှူဒါန်း



MNP - ဧပြီ    ၂

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျက်ရှိသော ညောင်ဦးမြို့နယ် အင်ကြင်းမြိုင်တဲတိုက်သို့ ယနေ့နံနက် ၁၀ နာရီအချိန်က သောက်သုံး ရေဂါလံ ၁၆၀၀ သွားရောက် လှူဒါန်းခဲ့ကြောင်း အေးမေတ္တာသောက်ရေအလှူတော်အသင်း တာဝန်ရှိသူများထံက သိရသည်။

ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလိုအပ်လျက်ရှိသော ညောင်ဦးမြို့နယ် အင်ကြင်းမြိုင်တဲတိုက်သို့ သောက်သုံးရေဂါလံ ၁၆၀၀ လှူဒါန်းပေးခဲ့ကြောင်းသိရသည်။ ညောင်ဦးမြို့ နယ်အတွင်းရှိ သောက်သုံးရေလိုအပ်လျက်ရှိသော တဲတိုက်များ၊ ကျေးရွာများအတွက် ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ လှူဒါန်းပေးလျက်ရှိရာ ယခုလှူဒါန်းသည့် အင်ကြင်းမြိုင်တဲတိုက်အတွက် ၁၆၀၀ ဂါလံ လှူဒါန်းခဲ့ပြီးဖြစ်ရာ သောက်သုံးရေဂါလံ ၁၂၀၆၆၀ ဂါလံ ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်နေသော ကျေးလက်ပြည်သူများအား ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း သိရသည်။

သတင်း - ကိုထိန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)