MNP ၊ ဧပြီ ၂
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူး မြို့နယ်အတွင်းရှိ စာစစ်ဌာန ၅ ခု၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲအား ကျောင်းသား ကျောင်းသူ စုစုပေါင်း ၃၆၈ ဦးက တတိယနေ့ သင်္ချာဘာသာရပ်ကို ဝင်ရောက်ဖြေဆိုလျက် ရှိကြောင်း သိရသည်။
စဉ့်ကူးမြို့နယ်အတွင်း အထက-စဉ့်ကူး၊ အထက- လက်ပန်လှ၊ အထက-ထုံးကြီး၊အထက-ရွှေပြည်၊ အထက -ကျည်တောက်ပေါက် စသည့် စာစစ်ဌာန ငါးခု ဖွင့်လှစ်ထားရာ စာစစ်ဌာနများတွင် စာမေပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသူ (၄၀၉) ဦး၊ ဝင်ရောက်ဖြေဆိုသူ (၃၆၈)ဦး၊ ဖြေဆိုသူ ရာခိုင်နှုန်း (၈၉.၉၈) ရှိကြောင်း သိရသည်။
အဆိုပါ စာစစ်ဌာနများတွင်တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ပညာရေးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်း - တင်ဇာလွင်
https://t.me/MyanmarNationalPost
No comments:
Post a Comment