သံဖြူဇရပ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

သံဖြူဇရပ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်



MNP - ဧပြီ     ၂

ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီက စာရေးဆရာနတ်ရှင်( ရွှေဂူ) ရေးသားသည့်လူငယ်များ ကိုပျိုးထောင်ပေးပါ”  စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်အေးအေးသီက စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးနှင့် စာပေဖတ်ရှုသည့် အလေ့အထကောင်း များရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်း ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ စာရေးဆရာ ရွှေဂူ (နတ်ရှင်) ရေးသားသည့် စာအုပ်တွင် ပါရှိသည့် လူငယ်များကို ပျိုးထောင်ပေးပါ၊ ပုံပြင်ထဲကဓမ္မသင်ခန်းစာ၊ မိတ်ဆွေ ကောင်းနှင့်ခရီးသွားပါ၊ ငြိမ်းချမ်းသော မိသားစုဆီသို့၊ စာဖတ်ခြင်းအတတ်ပညာအကြောင်းအရာများကို Book Club အဖွဲအတွင်း ရေးမှူး ဦးမင်းကျော်ဝင်းက ဖတ်ကြားဆွေးနွေးပြောကြားခဲ့ပြီး လူကြီးနှင့်လူငယ်၊ ခေတ်ကိုပြောသော စကားများ၊ လူငယ်နှင့်အချိန်၏တန်ဖိုး၊ အမူအကျင့်ဆိုးများ၊လူငယ်နှင့်အ ပေါင်းအသင်းအ ကြောင်းအရာများ ကိုစာပေဝါသနာရှင်ဦး မြတ်မင်းက ဖတ်ကြားဆွေးနွေးသည်။

ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့် စာပေဝါသနာရှင်များက စာအုပ်ပါအကြောင်း အစရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ဝိုင်းများ၊ အသိ ပညာပေးဆွေးနွေးပွဲများကို ဆောင်ရွက်ပေးခြင်းသည် စာဖတ်ပရိသတ်လူငယ်၊လူရွယ်များ စာဖတ်သည့် အလေ့အကျင့်အား ကောင်းလာစေရန်၊ စာပေမှရရှိသည့် အသိပညာဖြင့် သူတပါး အားမျှဝေပေးနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေ ရန်ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - အေးအေးသီ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)