စဉ့်ကူးမြို့အဝင်အထွက်ဂိတ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများစစ်ဆေးခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကူးမြို့အဝင်အထွက်ဂိတ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများစစ်ဆေးခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းများဆောင်ရွက်






MNP ၊ ဧပြီ ၂

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့အဝင်အထွက်ဂိတ်တွင် မိဘပြည်သူများအား နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ကိုင်ဆောင်ထားခြင်း ရှိ/မရှိ စစ်ဆေးခြင်းနှင့် ကိုဗစ်ကာကွယ်ဆေးတစ်ကြိမ်တစ်ခါမှထိုးနှံရခြင်း မရှိသေးသူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းတို့အား ယနေ့နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိသည်။


ထိုသို့ဆောင်ရွက်ရာတွင် စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထွန်းကျော်နိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးရွှေဝင်း နှင့်တာဝန်ရှိသူများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သောပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနသည် အသက်(၁၆) နှစ်အထက် အကျုံးဝင်သူများအား ဥပဒေအရကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုးကိုင်ဆောင်နိုင်ရေးအား ပန်းခင်းစီမံချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ တရားဝင် ထုတ်ပေးထားသည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်လက်မှတ် ရှိ/မရှိ စစ်ဆေးခြင်းကို ၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံတဝန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်း - တင်ဇာလွင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)