တာချီလိတ်မြို့၌ ထိုင်းနိုင်ငံမှ နေရပ်ပြန်များအားလက်ခံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာချီလိတ်မြို့၌ ထိုင်းနိုင်ငံမှ နေရပ်ပြန်များအားလက်ခံ



MNP - ဧပြီ   ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ ထိုင်းနိုင်ငံမှ လွှဲပြောင်းပေးလာသည့် နေရပ်ပြန် မြန်မာ နိုင်ငံသား (၂၀၀)ဦးကို တာဝန်ရှိသူတို့က ယနေ့ နံနက် ၁၀ နာရီက မြန်မာ-ထိုင်းချစ်ကြည်ရေး တံတား -၂ တွင် လက်ခံခဲ့ကြောင်း သိရသည်။

နေရပ်ပြန်များတွင် ရွှေ့ပြောင်းမြန်မာအလုပ်သမား အမျိုးသား(၁၁)ဦး၊ အမျိုးသမီး(၂၂)ဦး၊ ပြစ်ဒဏ်မှ လွတ်မြောက်လာသူ အမျိုးသား(၁၃၇)ဦး၊ အမျိုးသမီး (၃၀)ဦး၊ စုစုပေါင်း (၂၀၀)ဦးတို့ကို နယ်မြေခံ တပ်နယ်မှ ဗိုလ်မှူးကြီး မင်းမင်းထွန်းနှင့် ခရိုင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဦးကျော်နှင့် တာဝန်ရှိသူတို့က လက်ခံခဲ့ကြသည်။

အဆိုပါ နေရပ်ပြန်များကို ကျန်းမာရေးဝန်ထမ်းများက နှာခေါင်းနှင့် အာခေါင်တို့ပတ်နမူနာများ ရယူ၍ ကိုဗစ်-၁၉ ရောဂါနှင့် ဗီဇပြောင်းအိုမီခရွန်ရောဂါ ရှိ/မရှိ စစ်ဆေးပြီး စံလင်းဖြိုး Quarantine Centre သို့ပို့ဆောင်ခဲ့ကြသည်။ စံလင်းဖြိုး Quarantine Center တွင် (၇) ရက် ထားရှိပြီး ကျန်းမာရေးစစ်ဆေးမှု (၂)ကြိမ်ထပ်မံပြုလုပ်ကာ ရောဂါပိုး ကင်းစင်သူများကို နေရပ်သို့ပြန်လည် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ယာဆေး 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)