ကလိန်အောင်မြို့၊ အခြေခံပညာကျောင်းများတွင်(၂၀၂၁-၂၀၂၂)ပညာသင်နှစ် ကျောင်းတွင်းစစ်စာမေးပွဲများအောင် စာရင်းထုတ်ပြန်ကြေငြာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလိန်အောင်မြို့၊ အခြေခံပညာကျောင်းများတွင်(၂၀၂၁-၂၀၂၂)ပညာသင်နှစ် ကျောင်းတွင်းစစ်စာမေးပွဲများအောင် စာရင်းထုတ်ပြန်ကြေငြာ



MNP - ဧပြီ    ၂၄ 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ အတွင်းရှိ (၂၀၂၁-၂၀၂၂) ၊ ပညာသင်နှစ်အတွင်း ဖွင့်လှစ်သင်ကြားလျက်ရှိသော အခြေခံပညာကျောင်းများတွင် ကျောင်းတွင်းစစ် စာမေးပွဲများမှ အတန်းလိုက်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်၆နာရီအချိန်မှစ၍ သက်ဆိုင်ရာ ကျောင်းများအလိုက် အောင်စာရင်းထုတ်ပြန်၍ကျောင်း၏ကြော်ငြာ သင်ပုန်းတွင် ကပ်ထားကြေငြာပေး ထားရာ ကျောင်းသားမိဘများ၊ ကျောင်းသူ/သားများ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

ယင်းသို့ စာမေးပွဲအောင်စာရင်းများကြေငြာရာတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ သင်ရိုးသစ် (KG)တန်းမှစ၍ (Grade-10)အတန်းအထိ (တက္ကသိုလ်ဝင်တန်း မပါ)အား အတန်းလိုက်အောင်စာရင်းများကို ဧပြီလ (၂၄ ရက်နေ့မှ၂၆) အထိ(၃)ရက်အကြာ ကပ်ထားကြေငြာပေးထားမည်ဖြစ်ပြီး ၂၀၂၂ခုနှစ်၊ မေလ(၂၅) ရက်နေ့မှစတင်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းသူ/သားများကို ကျောင်းအပ်နှံမှုလက်ခံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

သတင်း - ခင်ခင်လဲ့

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)