မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် Book Club အဖွဲ့နှင့် စာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် Book Club အဖွဲ့နှင့် စာဖတ်ဝိုင်းကျင်းပ



MNP -  ဖေဖော်ဝါရီ    ၂၄ 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ   ပြည်သူများစာအုပ်စာစောင်များ ဖတ်ရှုလေ့လာခြင်းဖြင့် တစ်ဦးနှင့် တစ်ဦး ဗဟုသုတ အတွေး အမြင်များ အပြန်အလှန်ရရှိစေရန်၊ စာပေချစ်မြတ်နိုးစိတ်နှင့် စာဖတ်ရှိန်မြင့်မားလာစေရေး အတွက် ရည်ရွယ်၍ Book Club အဖွဲ့နှင့် စာဖတ်ဝိုင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က လူထု အခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ က စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် “ခေါင်းဆောင်မှုလျှို့ဝှက်ချက်” စာအုပ်ဖြင့်‌ စာဖတ်ဝိုင်း ပြုလုပ်ခဲ့ရာ မြောင်းမြခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက စာဖတ်သူများ မိမိတို့ ဖတ်မှတ်ထားသည် များကို အပြန်အလှန် ဆွေးနွေးခြင်းဖြင့် တစ်ဦး၏ အတွေးအမြင် တစ်ဦးသိခွင့်ရပြီး ဗဟုသုတ များ တိုးပွားလာစေကြောင်းနှင့် စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းခဲ့ပြီး စာအုပ်ပါ အကြောင်းအရာများနှင့် ပတ်သက်၍ Book Club အဖွဲ့ဥက္ကဋ္ဌ ဦးညီဌေး (နေခြည်မောင်-မြောင်းမြ)က ဦးဆောင်၍ တက်ရောက်လာသည့် Book Club အဖွဲ့ဝင်များက  စာအုပ်ပါ အကြောင်းအရာများကို ဆွေးနွေးခဲ့သည်။  စာဖတ်ဝိုင်းတွင် Book Club အဖွဲ့ဝင်များ အပြင် စာပေစိတ်ဝင်စားသည့် ကျောင်းသားလူငယ်များပါ တက်ရောက်ခဲ့ကြပြီး   စာဖတ်ဝိုင်းကို နေ့လယ် ၁၂ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)