ကျောက်ဆည်မြို့နယ်တွင် ကျေးရွာသုံးထင်းစိုက်ခင်းအဖြစ် ပျိုးပင်ပေါင်း(၁၀၈၀၀)ပင် စိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ်တွင် ကျေးရွာသုံးထင်းစိုက်ခင်းအဖြစ် ပျိုးပင်ပေါင်း(၁၀၈၀၀)ပင် စိုက်ပျိုး

 


MNP - ဧပြီ   ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုလျော့နည်းစေရန်နှင့် ပြည်သူများ ထင်းထောက်ပံ့မှုပေးနိုင်ရေးအတွက် မြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ကျေးရွာသုံးထင်းစိုက်ခင်းအဖြစ် ပျိုးပင်ပေါင်း(၁၀၈၀၀)ပင်အား ယနေ့နံနက်(၈)နာရီက သံတော်မြတ် ကြိုးပြင်ကာကွယ်တောတွင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

သံတော်မြတ် ကြိုးပြင်ကာကွယ်တောသည် (၁၈၆၄)ဧက ကျယ်ဝန်းပြီး ဒေသခံပြည်သူများ ထင်းဖူလုံစွာပေးနိုင်ရေးအတွက် ပျိုးပင်သက်တမ်း(၆)လရှိသော မယ်ဇလီပင်(၂၇၀၀)ပင်၊ ယူကလစ်ပင်(၂၇၀၀)ပင်၊ ရှားပင်(၂၇၀၀)ပင်၊ မြန်မာကုက္ကိုပင်(၂၇၀၀)ပင် စုစုပေါင်း ပျိုးပင်(၁၀၈၀၀)ပင်အား အကျယ်(၂)ပေပတ်လည်၊ အနက်(၂)ပေ ကျင်းများတွင် တစ်ပင်နှင့်တစ်ပင်(၉)ပေအကွာ၊ တစ်ဧက ပျိုးပင်ပေါင်း(၅၄၀)ပင်နှုန်းဖြင့် (၂၀)ဧက စိုက်ပျိုးခဲ့ကြောင်းနှင့် စိုက်ပျိုးပြီး(၅)နှစ်သက်တမ်းပြည့်ပါက တောင်ဘလူကျေးရွာနှင့် ကုလားကျောင်းကျေးရွာတို့မှ ပြည်သူများသို့ ထင်းအဖြစ်လွှဲပြောင်းပေး အပ်သွားမည်ဖြစ်ပြီး ပျိုးပင်အသစ်များ ထပ်မံစိုက်ပျိုးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးပြည့်ဖြိုးထွန်းက ပြောပြသည်။

ကျောက်ဆည်မြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနနအနေဖြင့် အထူးစိမ်းလန်းစိုပြည်ရေး စိုက်ခင်းများ၊ စိမ်းလန်းစိုပြေရေးစိုက်ခင်းများ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးစိုက်ခင်းများနှင့် ပြည်သူဗဟိုပြု စိုက်ခင်းများဖြစ်သည့် ကျေးရွာသုံးထင်းစိုက်ခင်း(၂၀)ဧကတွင် စိုက်ပျိုးရန်အတွက် ယူကလစ်(၃၃၇၅)ပင်၊ ရှားပင်(၃၃၇၅)ပင်၊ မြန်မာကုက္ကို(၃၃၇၅)ပင်၊ မဲဇလီ(၃၃၇၅) ပင် ၊ တောင်တန်းစိုက်ခင်း (၄၀)ဧကတွင် စိုက်ပျိုးရန်အတွက် ယူကလစ်(၇၅၆၃)ပင်၊ ရှား(၂၅၁၈)ပင်၊ မြန်မာကုက္ကို(၅၀၃၇)ပင်၊ တမာ(၂၅၁၉)ပင် ၊ မဲဇလီ(၅၀၃၈)ပင်၊ အခြားစိုက်ခင်း(၂၅)ဧကတွင်စိုက်ပျိုးရန်အတွက် ယူကလစ် (၇၅၆၃)ပင်၊ ရှား(၇၅၆၂)ပင်၊ မြန်မာကုက္ကို(၇၅၆၂)ပင်၊ မဲဇလီ(၇၅၆၃)ပင်၊ အထူးစိမ်းလန်းစိုပြည်ရေး တစ်အုပ်၊တစ်မစိုက်ခင်း စိုက်ပျိုးရန်အတွက် တမာ (၁၅၀၀)ပင်၊ မြန်မာကုက္ကို(၁၅၀၀)ပင်၊ ဒဟတ် (၄၀၀၀)ပင်၊ ဖျောက်ဆိတ်(၁၀၀၀)ပင်၊ ယင်းမာ (၁၀၀၀)ပင်၊ မာတာကွတ် (၂၀၀၀)ပင်၊ တစ်ရွာတစ်ဧက စိုက်ခင်းအတွက် ယူကလစ်(၂၀၀)ပင်၊ မဲဇလီ(၁၈၀)ပင်၊ မြန်မာကုက္ကို(၃၀၀)ပင်၊ ပြည်သူဗဟိုပြု စိုက်ခင်းအတွက် ယူကလစ်(၅၀၀)ပင်၊ မဲဇလီ(၃၀၀)ပင်၊ လျှော်ဖြူ (၂၀၀)ပင်၊ တစ်အိမ်ထောင်ကျွန်း (၃)ပင်နှင့် သစ်မာ(၂၀)ပင် စိုက်ပျိုးရန်အတွက် ကျွန်း(၄၅၀)ပင်၊ ယူကလစ် (၃၀၀၀)ပင် ပျိုးထောင်ထားရှိကြောင်း သိရသည်။

သတင်း - သက်မောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)