MNP - ဧပြီ ၈
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့ရှိ အထွေထွေရောဂါကုဆေးရုံကြီးသို့ ဓမ္မကုသလ ပရဟိတလူငယ်အဖွဲ့၏ ငါးကြိမ်မြောက် ဇီဝိတဒါန သွေးလှူဒါန်းပွဲကို ယမန်နေ့နံနက်က စုပေါင်းပေးလှူခဲ့ကြောင်း သိရသည်။
အဆိုပါဇီဝိတဒါနသွေးလှူဒါန်းခြင်းကို သံဃာတော်လေးပါး၊ ဓမ္မကုသလ ပရဟိတလူငယ်အဖွဲ့ဝင်ခြောက်ဦးနှင့် မိတ်ဖက်အဖွဲ့ဝင်ကိုးဦး စုစုပေါင်းသွေးအလှူရှင် ၁၉ ဦးတို့က သန်လျင်အထွေထွေရောဂါကု ဆေးရုံကြီး၌တက်ရောက်၍ ဆေးဝါးကုသမှုခံယူလျက်ရှိသော သွေးလိုအပ်သူ လူနာများအတွက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ယင်းသို့လာရောက်၍ သွေးလှူဒါန်းပေးကြသူများအား ဆေးရုံအုပ်ကြီး ဒေါက်တာချိုချိုလွင်နှင့် ဆရာဝန်သူနာပြုများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment