MNP - ဧပြီ ၁၇
ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် နှစ်သစ်ကူးမဟာသင်္ကြန်အတက်နေ့ယနေ့တွင် မြို့ပေါ်ရပ်ကွက် ဘုန်းတော်ကြီးကျောင်းများနှင့် ကျေးရွာဘုန်းတော်ကြီး ကျောင်းများတွင် ပြည်သူများက ဥပုသ်သီလခံယူဆောက်တည်ခြင်း၊ ကောင်းမှုကုသိုလ်ဒါနပြုလုပ်ခြင်း၊ တရားဘာဝနာအားထုတ်ခြင်းများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
အဆိုပါ နှစ်သစ်ကူးမဟာသင်္ကြန်အတက်နေ့တွင် မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများ ဖြစ်သည့် မြို့မဘုန်းတော်ကြီးကျောင်း၊ မဟာဓမ္မိကာရုံကျောင်း၊ ကွမ်းသီးကျောင်းနှင့် ကျေးရွာများရှိ ဘုန်းတော်ကြီးများတို့တွင် ပြည်သူများက ဥပုသ်သီလဆောက်တည်ခြင်း၊ တရားဘာဝနာအားထုတ်ခြင်း၊ အလှူဒါနကုသိုလ်ပြုလုပ်ခြင်းများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
သတင်း - သိန်းဖေ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment