MNP - ကျွန်းလှ ဧပြီ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ရူပဗေဒဘာသာ ကျောင်းသား၊ ကျောင်းသူ ၁၅၈ ဦးဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျွန်းလှမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန နှစ်ခု ဖွင့်လှစ်ထားကြောင်း၊ စာမေးပွဲဖြေဆိုရန် ဝင်ခွင့်လျှောက်ထားသည့် ကျောင်းသား၊ ကျောင်းသူ ၂၇၂ ဦးဖြစ်ကြောင်း၊ ယနေ့ ရူပဗေဒဘာသာဖြေဆိုသူ ကျောင်းသား ၅၆ ဦး၊ ကျောင်းသူ ၁၀၂ ဦး၊ စုစုပေါင်း ၁၅၈ ဦးဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရန်အတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များကြီးကြပ်ပြီး၊ ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် မီးသတ်တပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ လုံခြုံရေးဆောင်ရွက်ပေးကြောင်း သိရသည်။
သတင်း - မျိုးဝင်းညို
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment