MNP ၊ ဧပြီ ၅
၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲအား မြန်မာနိုင်ငံတစ်ဝှမ်းတွင် မတ်လ(၃၁) ရက်နေ့မှ စတင်၍ ဖြေဆိုကျင်းပလျက်ရှိရာ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် အ.ထ.က(မအီ)စာစစ်ဌာနနှင့် အ.ထ.က(လမူးမော်)စာစစ်ဌာနတို့တွင် ယနေ့ ရူပဗေဒဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ(၄၁၅)ဦးတို့က အေးချမ်းစွာဆက်လက်ဖြေဆိုလျက်ရှိကြောင်းသိရသည်။
အ.ထ. က(မအီ) စာစစ်ဌာနတွင် ဖြေဆိုရန် စာရင်းပေးသွင်းထားသူ (၂၆၈ ) ဦးရှိပြီး ယနေ့ရူပဗေဒဘာသာရပ်ဖြေဆိုသူဦးရေစုစုပေါင်းမှာ (၂၄၆) ဦး ရှိကြောင်း၊ ဖြေဆိုရန်ပျက်ကွက်သူဦးရေမှာ ကျား(၁၁)ဦးနှင့် မ(၁၁)ဦး စုစုပေါင်း(၂၂)ဦးဖြစ်ကြောင်း၊ ဖြေဆိုရာခိုင်နှုန်းအနေဖြင့် (၉၁.၇၉)ရာခိုင်နှုန်းနှင့် ပျက်ကွက်ရာခိုင်နှုန်းမှာ(၈.၂၁)ရာခိုင်နှုန်းရှိကြောင်း၊ အ.ထ.က(လမူးမော်)စာစစ်ဌာနတွင် ဖြေဆိုရန်စာရင်းပေးသွင်းထားရှိသူ ကျောင်းသားကျောင်းသူစုစုပေါင်း(၁၉၇)ဦးရှိသည့်အနက် ယနေ့ရူပဗေဒဘာသာရပ်ဖြေဆိုသူဦးရေစုစုပေါင်းမှာ (၁၆၉)ဦးရှိကြောင်းနှင့် ပျက်ကွက်သူဦးရေမှာ ကျား(၁၉)ဦးနှင့် မ(၉)ဦး စုစုပေါင်း(၂၈)ဦးဖြစ်ကြောင်း သိရသည်။
သို့ဖြစ်၍ ယခုနှစ် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ အ.ထ.က(မအီ)စာစစ်ဌာနနှင့် အ.ထ.က(လမူးမော်)စာစစ်ဌာနတွင် ရူပဗေဒဘာသာရပ်ဖြေဆိုသူကျောင်းသားကျောင်းသူစုစုပေါင်းဦးရေမှာ (၄၁၅)ဦးနှင့် ပျက်ကွက်သူဦးရေ(၅၀)ဦးရှိကြောင်း တောင်ကုတ်မြို့နယ်ပညာရေးမှူးရုံးကသိရသည် ။
သတင်း - မောင်မောင်ဌေး
Myanmar National Post
No comments:
Post a Comment