သံဖြူဇရပ်မြို့ မဟာသင်္ကြန်သက်ကြီးပူဇော်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သံဖြူဇရပ်မြို့ မဟာသင်္ကြန်သက်ကြီးပူဇော်ပွဲကျင်းပ


MNP - ဧပြီ    ၁၃

၁၃၈၄ ခုနှစ် နှစ်သစ်ကူးမြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အထိမ်းအမှတ် သက်ကြီးပူဇော်ပွဲကို သံဖြူဇရပ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ယနေ့ နံနက် ၈နာရီက ကျင်းပသည်။

အခမ်းအနားသို့ အမှတ်(၄)တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်း ဒုတိယကျောင်းအုပ်ကြီး ဒုတိယဗိုလ်မှူးကြီးမိုးမင်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အလှူရှင်များ တက်ရောက်သည်။

အခမ်းအနားတွင် ပူဇော်ခံအသက် (၉၀)နှစ်နှင့်အထက်အဘိုးအဘွားများကိုယ်စား ကြွရောက်လာကြသည့် အဘိုးအဘွား(၂၀)ဦးအား အလှူငွေနှင့် လှူဖွယ်ပစ္စည်းများအား အခမ်းအနားတက်ရောက်သူ များမှ လှူဒါန်းသည်။

ယခုနှစ်ကျင်းပသည့် သံဖြူဇရပ်မြို့ မဟာသင်္ကြန်သက်ကြီးပူဇော်ပွဲတွင် မြို့နယ်အတွင်းမှ (၁၀၀)နှစ် နှင့်အထက် ဘိုးဘွား(၄)ဦး၊ (၉၀)နှစ်အထက် (၃၂၃)ဦး စုစုပေါင်းဘိုးဘွား (၃၂၇)ဦး တို့အား၊ တစ်ဦးလျှင် ကျပ်သုံးသောင်းစီဖြင့် စုစုပေါင်း ကျပ်(၁၀၄၅၃၅၀၀)အား လှူဒါန်းပူဇော်ခဲ့ကြောင်း သိရသည်။

သတင်း - အေးအေးသီ 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)