MNP - ဧပြီ ၁၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင် မှုဖြင့်ဌာနဆိုင်ရာများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်း၍ ဇီးကုန်းလေးရပ်ကွက် သကျမဟာမြတ်မုနိဘုရားကြီးရှေ့တွင် ဗဟိုမဏ္ဍပ်တည်ဆောက်ထားရှိပြီး ရေပက်ကစားခြင်း ယိမ်းအကအဖွဲ့များ ဖျော်ဖြေရေး အစီအစဉ်များဖြင့် မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားရန် စီစဉ်ဆောင်ရွက်ထားကြောင်းသိရသည်။
နတ်တလင်းမြို့နယ်တွင် ယမန်နှစ်က ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကြောင့် သင်္ကြန်ပွဲတော်ကို မကျင်းပနိုင်ခဲ့သော်လည်း ယခုနှစ်တွင် ဗဟိုရေကစားမဏ္ဍပ်၌ယိမ်းအဖွဲ့များက အလှည့်ကျက ပြဖျော်ဖြေခြင်း၊ သင်္ကြန်တေးသီချင်းများဖြင့် ဖော်ဖြေခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ပြီး မြန်မာ့နှစ်သစ်ကူး နှစ်ဆန်း(၁)ရက်နေ့တွင် ဆရာတော်သံဃာတော်များက ပရိတ်တရားတော်များကို ရွတ်ဖတ်ခြင်းများနှင့် သက်ကြီးအဘိုးအဘွားများအား ပူဇော်ကန်တော့ပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ဝေယံဖြိုး
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment