MNP - ဧပြိ ၁၆
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် သင်္ကြန်အတက်နေ့ဖြစ်သည့် ဧပြီ(၁၆)ရက်နေ့၌ ရပ်ကွက်/ကျေးရွာများတွင် စတုဒိသာကျွေးသည့် ကုသိုလ်ရှင်များ၊ ဥပုသ်သီလဆောက်တည်သူများနှင့် အေးချမ်းစည်ကားလျက်ရှိကြောင်း သိရသည်။
သင်္ကြန်ကာလဟာ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေ့ရဲ့ နှစ်သစ်ကူးကာလဖြစ်ကြောင်းနှင့် နှစ်ဟောင်းကုန်ဆုံးပြီး နှစ်သစ်ကူးကာလမှာ ကံကောင်းခြင်းများ၊ အေးချမ်းပျော်ရွှင်မှုများ ရရှိခံစားရစေရန်အတွက် သင်္ကြန်ကာလရက်အတွင်းမှ ကုသိုလ်ဒါနအဖြစ် ခေါက်ဆွဲ၊ မုန့်ဟင်းခါး၊ မုန့်လုံးရေပေါ် စသည့် စတုဒိသာကုသိုလ်ပြုခြင်းများကို နှစ်စဉ်မပြတ် ကျွေးရွာအတွင်းနှင့် ရွာဦးကျောင်းမှာ ဥပုသ်သီလ လာရောက်ဆောက်တည်သူများအား ကုသိုလ်ပြုလုပ်ဖြစ်ကြောင်း သဖန်းကုန်းကျေးရွာမှ ဦးနေအောင် ၏ ဇနီးဒေါ်ဝင်းဝင်းမာက ပြောပြပြီး အခုလို ရွာသူရွာသားတွေ ပျော်ပျော်ပါးပါးနဲ့ ချက်ကြပြုတ်ကြနဲ့ ကျွေးမွေးတာမြင်တော့ စိတ်ထဲမှာ အလိုလိုပျော်ရွှင်မိကြောင်း နောင်နှစ်တွေမှာ ယခုစတုဒိသာ ကုသိုလ်ရှင်လို ကုသိုလ်ပြုလုပ်နိုင်အောင် ကြိုးစားသွားမည်ဖြစ်ကြောင်း လာရောက်သုံးဆောင်သည့် ပြည်သူတစ်ဦး၏ ရင်တွင်းစကားသံများကိုလည်း ကြားသိခဲ့ရသည်။
သတင်း - နိုင်ဝင်
မြန်မာနေရှင်နယ်ပို့စ်


No comments:
Post a Comment