တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများအတွက် ကွင်းဆင်းစိစစ်ရေးနှင့် စာချုပ်(မူကြမ်း)အား စိစစ်ရေးကော်မတီသို့ လာရောက်ရှင်းလင်းတင်ပြသည့် အခမ်းအနားသို့တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများအတွက် ကွင်းဆင်းစိစစ်ရေးနှင့် စာချုပ်(မူကြမ်း)အား စိစစ်ရေးကော်မတီသို့ လာရောက်ရှင်းလင်းတင်ပြသည့် အခမ်းအနားသို့တက်ရောက်



MNP - ဧပြီ   ၂

Southern Coastling Group Co.,Ltd မှ ကော့သောင်းမြို့နယ် ဆယ်မိုင်ကျေးရွာအုပ်စုအတွင်း Biomass နှင့် Solar နည်းပညာ ဖြင့် (၁၀)မဂ္ဂါဝပ်လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်းနှင့် ပတ်သက်၍ အကြိုစူးစမ်းလေ့လာမှုအစီရင်ခံစာ (FSR) နှင့် စီမံကိန်းအဆိုပြုလွှာ (Project Proposal) တို့အား တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ မြစ် ကြောင်းအတွင်း သဲသောင်တူးဖော်ခြင်းစီမံကိန်းနှင့် စက်မှုဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများအတွက် ကွင်းဆင်းစိစစ်ရေးနှင့် စာချုပ်(မူကြမ်း)အား စိစစ်ရေးကော်မတီသို့ လာရောက်ရှင်းလင်းတင်ပြသည့် အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တနင်္သာရီတိုင်းဒေသကြီးတွင် လျှပ်စစ် ဓာတ်အားနှင့်ပတ်သက်ပြီး မဟာဓာတ်အားလိုင်းမရောက်သေးမီ အချိန်တွင် လျှပ်စစ်ဓာတ်အားရရှိအောင် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ လျှပ်စစ်ဓာတ်အားရရှိ ရေးအတွက် လာရောက်ရှင်းလင်းဆွေးနွေးသူများကို တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကြိုဆိုလျက် ရှိပြီး အောင်မြင်အောင်ဆောင်ရွက်ပေးစေချင်သောဆန္ဒလည်းရှိကြောင်း၊ တိုင်းဒေသကြီးတွင် လျှပ်စစ် ဓာတ်အားကို အတိုင်းအတာတစ်ခုအထိ ရရှိစေချင်ကြောင်း၊  တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လျှပ်စစ်ဓာတ်အားကို အမြန်ဆုံးရရှိအောင် ကြိုးစားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် Southem Coastline Group Co.,Ltd က အကြိုစူးစမ်းလေ့လာမှုအစီရင်ခံစာ (FSR) နှင့် စီမံကိန်းအဆိုပြုလွှာ (Project Proposal) တို့အား ရှင်းလင်းတင်ပြသည်များကို တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)