သရက်ချောင်းမြို့၌ မြို့နယ်ကျက်သရေဆောင် ရတနာအောင်သိဒ္ဓိမြို့ဦးလှိုင်ဂူစေတီတော် ဘက်စုံတည်ဆောက်ပြုပြင်မွမ်းမံခြင်းလုပ်ငန်းဆောင်ရွက်ရန် အလှူငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သရက်ချောင်းမြို့၌ မြို့နယ်ကျက်သရေဆောင် ရတနာအောင်သိဒ္ဓိမြို့ဦးလှိုင်ဂူစေတီတော် ဘက်စုံတည်ဆောက်ပြုပြင်မွမ်းမံခြင်းလုပ်ငန်းဆောင်ရွက်ရန် အလှူငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ

 




MNP - ဧပြီ     ၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြို့မရပ်ကွက်ရှိ မြို့နယ်ကျက်သရေဆောင် ရတနာအောင်သိဒ္ဓိမြို့ဦးလှိုင်ဂူစေတီတော်မြတ်ကြီး ဘက်စုံတည်ဆောက်ရေးလုပ်ငန်းဆောင် ရွက်ရန် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က သရက်ချောင်းမြို့နယ်၊ စည်ပင်သာယာကျောက်တိုင်ဝင်း မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ မြို့နယ်သံဃာနာယကအဖွဲ့ဥက္ကဋ္ဌမှ ဦးစီးသော သံဃာတော်အရှင်သူမြတ် (၁၀) ပါး ကြွရောက်ချီးမြှင့်ပေးတော်မူပြီး ရှေးဦးစွာ ဆရာတော်သံဃာတော်ရှင်မြတ်များနှင့် ဧည့်ပရိတ်သတ်တို့က နမောတဿ (၃) ကြိမ်ရွတ်ဆိုကာ ငါးပါးသီလခံယူတည်ဆောက်ခဲ့ပြီး ပရိတ်ကြီး(၁၁)သုတ်ထဲမှ ရတနာသုတ်၊ မေတ္တာသုတ်၊ ဓာရဏပရိတ်မဟာသမာယသုတ်၊ ကမ္မဝါစာတရားတော်အရှင်မြတ်များကရွတ်ဖတ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးက ဌာနဆိုင်ရာများနှင့် သရက်ချောင်းမြို့နယ် အတွင်းရှိကျေးရွာများမှ စုပေါင်းလှူဒါန်းခဲ့သော အလှူငွေ (၂၀၃) သိန်းကိုပေးအပ်လှူဒါန်းရာ သရက်ချောင်းမြို့၊ ရတနာအောင်သိဒ္ဓိမြို့ဦးလှိုင်ဂူစေတီတော်ဂေါပကအဖွဲ့ ဦးသန်းမြင့်က လက်ခံရယူခဲ့သည်။

ဆက်လက်၍သရက်ချောင်းမြို့၊ ရတနာအောင်သိဒ္ဓိမြို့ဦးလှိုင်ဂူစေတီတော်ဂေါပကအဖွဲ့ မှဂုဏ်ပြုမှတ် တမ်းလွှာများ ပြန်လည်ပေးအပ်ရာ တာဝန်ရှိသူများကလက်ခံရယူခဲ့ပြီး ဆရာတော်သံဃာတော် အရှင်မြတ်များအား လှူဖွယ်ဝတ္ထူများဆက်လက်လှူဒါန်းကာ လှူဒါန်းမှု အသီးသီးတို့အား ရေစက်သွန်း ချအမျှပေးဝေခဲ့ကြပြီး အခမ်းအနားကိုရုတ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်း  - သားကြီး 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)