MNP - ဧပြီ ၁
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း၌ ကာကွယ်ဆေးထိုးနှံခြင်းကို ရဟန်းရှင်လူ ပြည်သူများအား သက်ဆိုင်ရာ ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိပြီး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီမှစတင်၍ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးမထိုးနှံရသေး သည့် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများကို (၃၈) ရပ်ကွက်၊ မင်္ဂလာအေးကျောင်း တိုက်၊ (၄၇) ရပ်ကွက် ဓမ္မာရုံနှင့် (၃၅) ရပ်ကွက်တို့၌ ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်နှင့် အိုမီခရွန်ဗိုင်းရပ် ကူးစက်မှုမှ ကာကွယ်နိုင်ရန် ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၁၈) နှစ်နှင့် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဧပြီ ၁ ရက် နေ့တွင် ပုံမှန်ဆေးထိုးစုရပ်များ၌ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံသူ (၇၆) ဦး၊ ၊ တတိယအကြိမ်ထိုးနှံသူ (၁၅၁) ဦး၊ (၃၅)ရပ်ကွက်အတွင်း လှည့်လည်ထိုးနှံပေးမှု (၁၁)ဦးတို့အား Covidshield နှင့် Covaxin ကာကွယ်ဆေးများကို ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
သတင်း -မြင့်မြင့်ရီ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment