ဟားခါးမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများဆောင်ရွက်ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဟားခါးမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများဆောင်ရွက်ပေး





MNP - ဧပြီ    ၂

ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ အီးကေကိမ်း ငင်းခန်းမဆောင်၌ မတ်လ ၃၀ ရက်နေ့မှ ယမန်နေ့အထိ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍  ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ  ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပန်းခင်းစီမံချက်များဆောင်ရွက်ရာတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများအပြင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက်တွင် အမှန်တကယ်နေထိုင်သူ ဖြစ်ကြောင်း ထောက်ခံချက်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်နှင့် ကျန်းမာရေးဦးစီးဌာနမှ သွေးအမျိုးအစားစစ်ဆေးမှုများကိုပါ ဆောင်ရွက်ပေးခဲ့ကြောင်း၊ မတ်လ ၃၀ ရက်မှ ဧပြီလ ၁ ရက်နေ့အထိပြုလုပ်သည့် ပန်းခင်းစီမံချက်တွင် အသက် (၁၀)နှစ်ပြည့် မှတ်ပုံ တင်ပြုလုပ်သူ (၁၁၁)ဦး၊ အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်သူ (၁၇)ဦး၊ (၁၀)နှစ်ပြည့်မှ (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်လဲလှယ်သူ (၅၈)ဦး၊ နိုင်ငံသားစိစစ်ရေးကတ် ပျောက်ဆုံး၊ ပျက်ဆီးသူ (၄၂) ဦး၊ ပေါင်း (၂၂၈)ဦးနှင့် သွေးအမျိုးအစားစစ်ဆေးသူ (၁၅၂) ဦးတို့အတွက် ဆောင်ရွက်ပေးနိုင်ခဲ့သလို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပြည်သူ(၂၄၁)ဦး အတွက် ထောက်ခံချက်ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ပန်းခင်းစီမံချက်သည် ပြည်သူများ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးရရှိနိုင်ရေးအတွက် ဆောင်ရွက်‌ပေးသည့် စီမံချက်ဖြစ်ပြီး ဟားခါးမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌လည်း ဧပြီလ ၄ ရက်နေ့မှစတင်၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။

သတင်း - မောင်တက်လမ်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)