ပြင်ဦးလွင်မြို့နယ်ကို ချယ်ရီမြို့တော်ဖြစ်စေရေးအတွက် ၂၀၂၂ ခုနှစ် မိုးရာသီတွင် ချယ်ရီပျိုးပင် (၄၃၇၇၅) ပင် စိုက်ပျိုးသွားမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြင်ဦးလွင်မြို့နယ်ကို ချယ်ရီမြို့တော်ဖြစ်စေရေးအတွက် ၂၀၂၂ ခုနှစ် မိုးရာသီတွင် ချယ်ရီပျိုးပင် (၄၃၇၇၅) ပင် စိုက်ပျိုးသွားမည်






MNP ၊ ဧပြီ ၁၈

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ တာဝန်ရှိသူများနှင့်အတူ ယနေ့၊ မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်မြို့နယ်ရှိ ဒိုးကွင်ပျိုးဥယျာဉ်အတွင်း ၂၀၂၂ ခုနှစ်၊ မိုးရာသီတွင် စိုက်ပျိုးမည့်ပျိုးပင်များ ပျိုးထောင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။


ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ပြင်ဦးလွင်မြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိက ပြင်ဦးလွင်မြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ၊ ကြိုးဝိုင်း/ ကြိုးပြင် ကာကွယ်တောများ ဖွဲ့စည်းထားရှိမှု၊ ၂၀၂၂ ခုနှစ် မိုးရာသီတွင် ဖြန့်ဝေစိုက်ပျိုးမည့် လူထုဖြန့်ပျိုးပင်များ ပျိုးထောင်ထားရှိမှု၊ ချယ်ရီမြို့တော်ဖြစ်စေရေး အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအစဉ်နှင့် ဆင်လမ်းဆည် ရေဝေရေလဲ ထိန်းသိမ်းရေး =လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က လိုအပ်သည်များ မှာကြားသည်။


ပြင်ဦးလွင်မြို့နယ်ကို ချယ်ရီမြို့တော်ဖြစ်စေရေးအတွက် ၂၀၂၂ ခုနှစ် မိုးရာသီတွင် သဘာဝတောများ၌ ကွက်လပ်ဖြည့် စိုက်ပျိုးခြင်း၊ လမ်းဘေး ဝဲ/ ယာ တစ်အုပ်တစ်မ/ အတန်းလိုက်စိုက်ပျိုးခြင်း၊ လူထုဖြန့်ပျိုးပင်များ ဖြန့်ဝေစိုက်ပျိုးခြင်းနှင့် ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောများ၌ စိုက်ပျိုးခြင်း စသည့် နည်းလမ်း (၄)မျိုးဖြင့် ချယ်ရီပျိုးပင် (၄၃၇၇၅) ပင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)