MNP - ဧပြီ ၁၈
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် အကျဉ်းဦးစီးဌာနမှ လွတ်ငြိမ်းသက်သာဖြင့် အကျဉ်းသား (၁၂)ဦးကို ယမန်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန်က နန်းတော်ကုန်းရပ်ကွက်ရှိ အကျဉ်းထောင်မှ လွှတ်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မိတ္ထီလာခရိုင် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၊ ခရိုင်ရဲတပ် ဖွဲ့မှူး ဒုတိယရဲမှူးကြီး သက်ထွဋ်၊ မိတ္ထီလာအကျဉ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောဘောနီတို့က လွတ်ငြိမ်းသက်သာဖြင့် လွတ်မြောက်မည့် အကျဉ်းသားများအား မိတ္ထီလာအကျဉ်း ဦးစီးဌာနရုံးခန်းတွင် ဆုံးမသြဝါဒစကားများ ပြောကြားခဲ့ပြီး မိတ္ထီလာခရိုင် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သက်ထွဋ်၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးအောင်၊မိတ္ထီလာမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးတို့က အကျဉ်းသားများအား လမ်းစရိတ်အဖြစ် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ် အကျဉ်းဦးစီးဌာနရှိ အကျဉ်းထောင်မှ လွတ်ငြိမ်းသက်သာဖြင့် အကျဉ်းသား (၁၂) ဦး ကို လွှတ်ပေးခဲ့ကြောင်း သိရသည်။
သတင်း - သိန်းမြင့်ကျော်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment