MNP - ဧပြီ ၂၂
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် (၂၅)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်မှစတင်ကာ အလုံမြို့နယ်၊ ငုဝါလမ်းရှိ မဟာအောင်ဗောဓိဆုတောင်းပြည့်ဘုရားဝင်း၊ အေးချမ်းဖြိုးဓမ္မာရုံတွင် ကျင်းပပြုလုပ်ကြောင်းသိရသည်။
အဆိုပါပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို မဟာအောင်ဗောဓိဆုတောင်းပြည့်ဘုရား၏ ဂုဏ်ထူးဆောင်နာယက အလုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းနှင့်ဇနီးတို့အား အမှူးထား၍ မဟာအောင်ဗောဓိဆုတောင်းပြည့်ဘုရားဂေါပကအဖွဲ့မှ ဦးစီးကျင်းပပြုလုပ်ခြင်းဖြစ်သည်။
အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအား ဧပြီလ ၂၁ ရက်နေ့မှစတင်ကာ ဧပြီလ ၂၂ ရက်နေ့အထိ(၃)ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်း - တင်တင်ချို
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment