ကျောက်ဆည်မြို့နယ် ရန်ပုံနှစ်ကျေးရွာတွင် အိမ်ထောင်စုတိုင်း မိသားစုမီးဖိုချောင်သုံး သီးပင်စားပင်များ အောင်မြင်စွာ စိုက်ပျိုးနိုင်ရေး ကွင်းဆင်းဆွေးနွေ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဆည်မြို့နယ် ရန်ပုံနှစ်ကျေးရွာတွင် အိမ်ထောင်စုတိုင်း မိသားစုမီးဖိုချောင်သုံး သီးပင်စားပင်များ အောင်မြင်စွာ စိုက်ပျိုးနိုင်ရေး ကွင်းဆင်းဆွေးနွေ



MNP -  ဧပြီ    ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ရန်ပုံနှစ်ကျေးရွာတွင် အိမ်ထောင်စုဝင်တိုင်း မိသားစုမီးဖိုချောင်သုံး သီးပင်စားပင်များ အောင်မြင်စွာစိုက်ပျိုးနိုင်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲမင်းသောင်းနှင့် ဝန်ထမ်းများသည် ယနေ့နံနက်(၁၀)နာရီက အစားအစာ ဘေးကင်းလုံခြုံရေး စီမံကိန်းတွင်ပါဝင်သော တောင်သူများနှင့်တွေ့ဆုံပြီး ကွင်းဆင်းဆွေးနွေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဆွေးနွေးရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိဦးရဲမင်းသောင်က အစားအစာ ဘေးကင်းလုံခြုံရေး စီမံကိန်းတွင်ပါဝင်သော မိသားစုများအနေဖြင့် မိမိတို့အိမ်ခြံဝင်းများအတွင်း သဘာဝ မြဩဇာသုံးစွဲကာ မီးဖိုချောင်သုံး သီးပင်စားပင်များ တစနိုင်တစ်ပိုင် အောင်မြင်စွာစံပြစိုက်ပျိုး ရောင်းချခြင်းဖြင့် မိသားစုဝင်ငွေပိုမိုတိုးပွားလာပြီး  စားသုံးသူပြည်သူများလည်း ဓာတုဓာတ်ကြွင်းကင်းမဲ့သော အသီးအနှံများ စားသုံးခြင်းဖြင့် ကျန်းမာပျော်ရွှင်သော မိသားစုများ အမြဲပိုင်ဆိုင်မည်ဖြစ်ကြောင်း၊ ရှင်းလင်း ဆွေးနွေးခဲ့ပြီး အစားအစာ ဘေးကင်းလုံခြုံရေးစီမံကိန်းတွင် ပါဝင်သော မိသားစုများက မိမိတို့ပိုင်ဆိုင် သော အိမ်ခြံမြေများအလိုက် စိုက်ပျိုးနိုင်မည့် သီးပင်စားပင်များကို အောင်မြင်စွာ စိုက်ပျိုးနိုင်ရေး အသီးသီး အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် အစားအစာ ဘေးကင်းလုံခြုံရေးစီမံကိန်းမှ မိသားစု များက စုပေါင်းပြီး မီးဖိုချောင်သုံးသီးနှံများဖြစ်သော ခရမ်း၊ ငရုပ်၊ ကြက်ဟင်းခါး၊ ဘူး၊ ခဝဲ၊ နံနံ၊ ဆလပ်၊ ပူစီနံ၊ ပင်စိမ်းပင်များကို စိုက်ပျိုးနိုင်ရေးမြေဆွေးအိတ်များဖြင့် ပျိုးထောင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။

သတင်း - သက်မောက်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)