၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ (ဒုတိယနေ့) အင်္ဂလိပ်စာ ဘာသာရပ်အား ကျောင်သားကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ (ဒုတိယနေ့) အင်္ဂလိပ်စာ ဘာသာရပ်အား ကျောင်သားကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဖြေဆို









MNP - ဧပြီ   ၁

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို နိုင်ငံတစ်ဝှမ်း မတ်လ ၃၁ရက်နေ့မှစ၍ စတင်ဖြေဆိုလျက်ရှိရာ လှိုင်သာယာ ၊ ပျဉ်းမနား ၊ လားရှိုး ၊ မိုးကုတ် ၊ ကျောက်ဖြူ ၊ ပွင့်ဖြူ ၊ ဒဂုံမွို့သဈ(အရှေ့ပိုငျး) ၊ မှော်ဘီ ၊ နတ်တလင်း ၊ လှည်းကူး ၊ အောင်လံ ၊ရေး ၊ ဂွ ၊ ထန်းတပင် မြို့နယ်တို့တွင် ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ဆက်လက် ဖြေဆိုလျက်ရှိကြောင်း သိရသည်။

လှိုင်သာယာ မြို့နယ်တွင် စာစစ်ဌာန ၂ ခုမှ စုစုပေါင်း ကျောင်းသား၊ကျောင်းသူ ဦးရေ ၈၅၂ ဦး၊ ပျဉ်းမနားမြို့နယ်တွင် စာစစ်ဌာန ၆ ခုမှ စုစုပေါင်း ကျောင်းသား၊ကျောင်းသူ ဦးရေ  ၂၄၄၁ ဦး၊လားရှိုး မြို့နယ်တွင်  စုစုပေါင်း ကျောင်းသား၊ကျောင်းသူ ဦးရေ ၁၈၄၅ ဦး၊မိုးကုတ် မြို့နယ်တွင်  စုစုပေါင်း ကျောင်းသား၊ကျောင်းသူ ဦးရေ ၇၈ ဦး ၊ ကျောက်ဖြူ မြို့နယ် စာစစ်ဌာန ၃၅ ခုမှ စုစုပေါင်း ကျောင်းသား၊ကျောင်းသူ ဦးရေ ၈၅၅၆ ဦး၊ပွင့်ဖြူ မြို့နယ်တွင် စာစစ်ဌာန ၇ ခုမှ စုစုပေါင်း ကျောင်းသား၊ကျောင်းသူ ဦးရေ ၁၂၀၆ ဦး၊ ဒဂုံမြို့သစ်  (အရှေ့ပိုင်း) မြို့နယ်တွင်   စာစစ်ဌာန ၂ ခုမှ စုစုပေါင်း ကျောင်းသား၊ကျောင်းသူ ဦးရေ ၆၉၄ ဦး ၊ မှော်ဘီ မြို့နယ်တွင်  စာစစ်ဌာန ၇ ခုမှ စုစုပေါင်း ကျောင်းသား၊ကျောင်းသူ ဦးရေ ၁၄၆၂ ၊နတ်တလင်း မြို့နယ်တွင်  စာစစ်ဌာန ၅ ခုမှ စုစုပေါင်း ကျောင်းသား၊ကျောင်းသူ ဦးရေ ၆၀၈ ဦး၊  လှည်ကူး မြို့နယ်တွင်  စုစုပေါင်း ကျောင်းသား၊ကျောင်းသူ ဦးရေ ၂၁၄၇ ဦး၊ အောင်လံ မြို့နယ်တွင်  စာစစ်ဌာန ၈ ခုမှ စုစုပေါင်း ကျောင်းသား၊ကျောင်းသူ ဦးရေ ၁၀၈၈ ဦး၊ ရေး မြို့နယ်တွင် စာစစ်ဌာန ၂ ခုမှ စုစုပေါင်း ကျောင်းသား၊ကျောင်းသူ ဦးရေ ၇၁၈ ဦး  ၊ဂွ မြို့နယ်တွင်  စာစစ်ဌာန ၃ ခုမှ စုစုပေါင်း ကျောင်းသား၊ကျောင်းသူ ဦးရေ  ၆၉၁ ဦး ၊  ထန်းတပင် မြို့နယ် စာစစ်ဌာန ၃ ခုမှ စုစုပေါင်း ကျောင်းသား၊ကျောင်းသူ ဦးရေ ၆၈၀ ဦးတို့ အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက် ရှိကြောင်း သိရသည်။

အဆိုပါ စာမေးပွဲဖြေဆိုရာတွင် ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)