MNP - ဧပြီ ၁၇
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသရှိ သမိုင်းဝင်တန်ခိုးကြီးဘုရားဖြစ် သည့် ရွှေမဉ္ဇူ(အင်းတော်ကြီး) ရေလယ်ဘုရားတွင် သင်္ကြန်အတက်နေ့ ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော် ကြည်ညိုကြသူ များပြားလျက်ရှိသည်။
ဘုရားဖူးမြော် ကြည်ညိုကြရာတွင် အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသည့် ဆရာတော်ကြီးများ အပါအဝင် သံဃာတော်များနှင့် ဘုရားဖူးပြည်သူများက ပန်း၊ ဆီမီး၊ သောက်တော်ရေချမ်း၊ အမွှေးနံ့သာ များဖြင့် ကပ်လှူပူဇော်ခြင်းများ၊ ရွှေသင်္ကန်းများကပ်လှူခြင်း၊ ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခြင်း၊ ဝတ်ရွတ်အဖွဲ့များမှ ဝတ်ရွတ်ပူဇော်ခြင်းနှင့် ဥပုသ်သီလစောင့်တည်ခြင်းတို့ဖြင့် ဘုရားဖူးလာရောက်ကြသူ စည်ကားများပြားလျက်ရှိကြောင်း သိရသည်။
သတင်း - ဇွဲသူရအောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment