မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် ဒိုက်ဦးမြို့နယ်လုံးဆိုင်ရာ သက်ကြီးပူဇော်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် ဒိုက်ဦးမြို့နယ်လုံးဆိုင်ရာ သက်ကြီးပူဇော်ပွဲကျင်းပ

 



MNP - ဧပြီ    ၁၇

၁၃၈၄ ခုနှစ်၊ နှစ်ဆန်း ၁ ရက်နေ့ မြို့နယ်လုံးဆိုင်ရာ သက်ကြီးပူဇော်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့လည်ရှိ သာသနာ့ဗိမ္ဗာန်တော်ကြီး၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က သက်ကြီးပူဇော်ပွဲ ကျင်းပရခြင်းအား ရှင်းလင်းတင်ပြပြီးနောက် မြို့နယ်စီမံအုပ်ခပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းအိမျိုးနှင့် အဖွဲ့ဝင်များက အပူဇော်ခံ အဖိုး/အဖွားများအား လက်အုပ်ချီမိုး ကန်တော့၍ ဝတ္တုငွေများ လှူဒါန်းကြသည်။

ထို့နောက် အပူဇော်ခံ အဖိုး/အဖွားများကိုယ်စား အဖိုး ဦးတွတ်မှ ဆုမွန်ကောင်းတောင်းမေတ္တာပို့သပြီး အခမ် းအနား ရုပ်သိမ်းခဲ့သည်။ အဆိုပါ အခမ်းအနားတွင် သက်ကြီးဘိုးဘွား ၄၅ ဦးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ တစ်ဦးလျှင် ၂၀၀၀၀ ကျပ်၊ အထူးကုဆရာကြီးမှ အားဆေးနှင့် အသဲဆေးများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးမှ တစ်ဦးလျှင် ၁၀၀၀ ကျပ်နှုန်း၊ တိုင်းရင်းဆေးမှ အစာကြေဆေးများ၊ ကောင်းပြည့်ပွဲရုံနှင့် ဦးရန်နောင်စိုး+ဒေါ်လဲ့တို့မှ ကိုယ်တိုက်ဆပ်ပြာများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)