MNP - ဧပြီ ၁၇
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ၁၃၈၄ ခုနှစ် နှစ်ဆန်းတစ်ရက်နေ့ နှစ်ဦး နေ့မြတ်တွင် ကောင်းမှုကုသိုလ်ပြုသူများ၊ အန္တရာယ်ကင်း ပရိတ်တရားနားခြင်း၊ သက်ကြီး ပူဇော်ပွဲများ ကျင်းပခြင်းစသည့် ကောင်းမှု ကုသိုလ်ပြုလုပ်သူများနှင့် စည်းကားလျက်ရှိကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် (၆) ရပ်ကွက်၊ ကျေးရွာအုပ်စု (၆၉) အုပ်၊ ရပ်ကွက်ကျေးရွာ ပေါင်း (၂၁၈) ရွာရှိ ပြည်သူများအနေဖြင့် ၁၃၈၄ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့၊ နှစ်ဦး ရက်မြတ်တွင် ရပ်ရွက်ကျေးရွာများရှိ ပြည်သူများအနေဖြင့် ကောင်းမှုကုသိုလ်များ ပြုလုပ်ခြင်း၊ အန္တရာယ်ကင်းပရိတ်တော်များအား ဆရားတော်ကြီးက ရွတ်ဖတ်ခြင်း၊ သက်ကြီးဝါကြီး အဖိုးအဖွားများအား ပူဇော်ကန်တော့ခြင်း၊ ဘုရားကျောင်းကန်များတွင် ဥပုတ်သီလ ဆောက်တည် သူများနှင့် မြန်မာရိုးရာဓလေ့ထုံးစံအတိုင်း နှစ်ဦးအကြိုရက်တွင် ကောင်းမှု ကုသိုလ်ပြုလုပ်ခြင်းဖြင ်စတင်လျက်ရှိပြီး ဝမ်းတွင်းမြို့ အမှတ်(၃)ရပ်ကွက်ရှိ ဗဟိုကျောင်းတိုက်မှ ဆရာတော် ကြီးဦးဆောင်သော သံဃာတော်များမှ နှစ်ဦးဆွမ်းကိုရပ် ကွက်အတွင်း လှည့်လည်ကာ ဆွမ်းခံကြွတော်မူခြင်း စသဖြင့် မြန်မာတို့ရဲ့ချစ်စရာယဉ်ကျေးမှုနှစ်သစ် တွင်ကောင်းမှု ကုသိုလ် ပြုသူများနှင့် စည်းကားလျက်ရှိကြောင်း သိရသည်။
သတင်း - ဌေးလှိုင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment