ဘူးသီးတောင်မြို့၌ ပထမအကြိမ်စုပေါင်းသက်ကြီးဘိုးဘွား နှစ်သစ်ကူးပူဇော်ကန်တော့ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘူးသီးတောင်မြို့၌ ပထမအကြိမ်စုပေါင်းသက်ကြီးဘိုးဘွား နှစ်သစ်ကူးပူဇော်ကန်တော့ပွဲအခမ်းအနား ကျင်းပ




MNP ၊  ဧပြီ ၁၇

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ဘူးသီးတောင်မြို့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ စုပေါင်းလှူဒါန်းသည့် ပထမအကြိမ်စုပေါင်းသက်ကြီးဘိုးဘွားနှစ်သစ်ကူးပူဇော်ကန်တော့ပွဲအခမ်းအနားကို ဧပြီလ ၁၇ ရက်၊ မြန်မာနှစ်ဆန်း (၁)ရက်နေ့ ယနေ့ညနေ( ၄)နာရီအချိန်က ဘူးသီးတောင်မြို့အေးစေတီဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။

ရှေ့ဦးစွာ အခမ်းအနားတက်ရောက်လာသူများက  ဗုဒ္ဓသာသနံ စီရံတိဌာတု( ၃)ကြိမ်ရွတ်ဆိုပြီးအခမ်းအနားဖွင့်လှစ်ကာအေးစေတီကျောင်း တိုက်ဆရာတော်ဘန္တဒ္ဒ ဦးသောမထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။

 

ထိုနောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျန်အေး မှ ဂါရဝစကားပြောကြားပြီးနောက် မြို့ပေါ်(၇)ရပ်ကွက်မှ အဘိုး/အဘွားတို့အား၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊စေတနာ ရှင်များမှ လှူဒါန်းငွေများနှင့် ဝတ္ထုပစ္စည်းများဖြင့် ပူဇော်ကန်တောခဲ့ကြပြီး၊ မတက်ရောက်နိုင်သောအဘိုး/အဘွားများအတွက်လည်းအိမ်တိုင်ရာ ရောက် လှူဒါန်းပေးခဲ့ကြကြောင်းသိရသည်။

 

ဘူးသီးတောင်မြို့တွင်  အသက်(၈၅)နှစ်နှင့်အထက် အဘိုး/အဘွား(၇၃)ဦးတို့အား တစ်ဦးလျှင်ကန်တော့ငွေကျပ်တစ်သိန်း (၁၀၀၀၀၀/-)နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများဖြင့် ပူဇော်ကန်တော့ခဲ့ကြပြီး၊ တက်ရောက်လာကြသူများမှ သက်ကြီးဘိုးဘွားများအား ကန်တော့ကန်တော့ခဲ့ကြရာ သက်ကြီးဘိုးဘွားများကိုယ်စား အဘိုးတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားကာ ဆုတောင်းမေတ္တာပို့သခဲ့ကြကြောင်းသိရသည်။


သတင်း - လှကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)