MNP - ဧပြီ ၁၇
မကွေတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် အန္တရာယ်ကင်းပရိတ် တရားတော်ရွတ်ဖတ်ပူဇော်ပွဲနှင့် သက်ကြီးပူဇော်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဆရာတော်သံဃာတော်များအား အာရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီး အန္တရာယ် ကင်းပရိတ်တရားတော်များနာယူခဲ့ကြသည်။ ထို့နောက် ကြွရောက်လာသည့်ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုများကပ်လှူခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။
ဆက်လက်၍ သက်ကြီးပူဇော်ပွဲကျင်းပပြုလုပ်ခဲ့ရာ မြို့ပေါ်ရပ်ကွက်များမှ အသက် ၈၅နှစ် အထက် အဘိုး(၁၆)ဦး၊ အဘွား(၅၁)ဦး၊ စုစုပေါင်း(၆၇)ဦးတို့အား သက်ကြီးပူဇော်ပွဲပြုလုပ်ခြင်းဖြစ်ပြီး သက်ကြီးပူဇော်ပွဲသို့ တက်ရောက်လာသည့် အဘိုးအဘွား(၂၁)ဦးအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက အလှူငွေ၊ အသုံးအဆောင်ပစ္စည်းများနှင့်အတူ ပူဇော်ကန် တော့ခဲ့ကြပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့သည်။ အဆိုပါ သက်ကြီးပူဇော်ပွဲသို့ မတက်ရောက်နိုင်သည့်အဘိုးအဘွားများအား ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများမှတဆင့် အိမ်တိုင်ရာရောက် လိုက်လံပူဇော်ကန်တော့ခဲ့ကြကြောင်း သိရသည်။
သတင်း - ဇာဇာ
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment