MNP - ဧပြီ ၁၇
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်၌ မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန် နှစ်ဆန်း(၁) ရက်နေ့တွင် သက်ကြီးဘိုးဘွားများအား အစဉ်အလာမပျက် ရှိခိုးပူဇော်ပွဲကို ကျင်းပလျက်ရှိရာ ယနေ့နံနက် ၇ နာရီအချိန်က ကော့ကရိတ်မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲ အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။
သက်ကြီးဘိုးဘွာများ ပူဇော်ကန်တော့ပွဲအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ပြည့်ဖြိုးအောင်ဦးဆောင်သော ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦး ဦးဆောင်သော မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကော့ကရိတ်မြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခဲ့ကြီးပြီး၊ တာဝန်ရှိသူများက ကော့ကရိတ်မြို့နယ် အတွင်းရှိ အသက် (၈၅)နှစ်နှင့် အထက်သက်ကြီးဘိုးဘွား (၁၁၆)ဦးတို့အား လှူဖွယ်ဝတ္ထုပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်။ ထို့နောက် သက်ကြီးဘိုးဘွားများကိုယ်စား တာဝန်ရှိသူတစ်ဦးမှ ဆုပေးဝမ်းမြောက်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment