လွိုင်လင်မြို့၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား ပူဇော်ကန်တော့ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လွိုင်လင်မြို့၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား ပူဇော်ကန်တော့ပွဲ ကျင်းပ




MNP - ဧပြီ   ၁၇

၁၃၈၄ ခုနှစ် ၊မြန်မာနှစ်ဆန်း ၁ ရက်၊ နှစ်သစ်ကူးမင်္ဂလာအချိန်အခါသမယတွင် ဗုဒ္ဓဘာသာဝင် မြန်မာတို့၏ သက်ကြီးဘိုးဘွားများအားပူဇော်ကန်တော့ပွဲကို ကျင်းပကြလေ့ရှိရာ ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူး၍  လွိုင်လင်မြို့ပေါ်ရှိ အသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲသို့ လွိုင်လင်တပ်နယ်မှူး ဗိုလ်မှူးကြီးသန်းထွန်းအောင်နှင့်ဇနီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့်ဇနီး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းထွဋ်နှင့် ဌာနဆိုင်အကြီးအကဲများ တက်ရောက်ကြသည်။

အဆိုပါသက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲတွင် လွိုင်လင်မြို့ပေါ်၌ အသက် ၈၅ နှစ်အထက် ၆၄ ဦးရှိရာ ယနေ့အခမ်းအနားသို့ ၇ ဦးသာတက်ရောက်နိင်သော်လည်း ကျန်ရှိသည့် အဘိုးအဘွား ၅၇ ဦးတို့အား အိမ်တိုင်ရာရောက်သွားရောက်ပူဇော်ကန်တော့မည်ဖြစ်သည်။ ကန်တော့ခံသက်ကြီးဘိုးဘွား (၆၄)ဦးအတွက် အလှူငွေ၊ အာဟာရအစားအစာနှင့် ပစ္စည်းတန်ဖိုး စုစုပေါင်း ၂,၄၃၂,၀၀၀ ကျပ်ကို ယနေ့လှူဒါန်းခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှသိရသည်။

သတင်း - လွိုင်လင်မိုး

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)