သရက်မြို့၌ နှစ်ဆန်းတစ်ရက်နေ့ ဒုလ္လဘသံဃာတော်အပါး(၁၇၀)နှင့် ဒုလ္လဘသီလရှင်အပါး (၁၂၀)တို့မှ ရပ်ကွက်များသို့ တန်းဆွမ်းလှည့်လည်အပူဇော်ခံ - Myanmar National Post

Myanmar National Post

News Agency

Breaking

သရက်မြို့၌ နှစ်ဆန်းတစ်ရက်နေ့ ဒုလ္လဘသံဃာတော်အပါး(၁၇၀)နှင့် ဒုလ္လဘသီလရှင်အပါး (၁၂၀)တို့မှ ရပ်ကွက်များသို့ တန်းဆွမ်းလှည့်လည်အပူဇော်ခံ




MNP - ဧပြီ    ၁၇

မကွေးတိုင်းဒေသကြီး သရက်မြို့၌ နှစ်ဆန်းတစ်ရက်နေ့ ကောင်းမှုကုသိုလ်ပြသူများဖြင့် စည်ကား လျက်ရှိရာ ပေတပင်ဘုန်းတော်ကြီးကျောင်းနှင့် ရွှေဘုံသာဘုန်းတော်ကြီးကျောင်းများမှ ဒုလ္လဘ သံဃာတော်အပါး (၁၇၀)နှင့် သီလရှင်အပါး (၁၂၀)မှ ယနေ့ နံနက်(၁၀)နာရီက ရပ်ကွက်များသို့ တန်းဆွမ်းကြွရောက်ရာ အလှူခံလျက်ရှိသည်။

ဘုန်းကြီးကျောင်းများတွင် သီလဆောက်တည်သူများနှင့် စည်ကားလျက်ရှိရာ ဘုန်းကြီးကျောင်းများ တွင် ဒုလ္လပတ်ရဟန်းနှင့် သီလရှင်များ၊ ယောဂီများများမှ တရားအားထုတ်လျက်ရှိရာ  ပေတပင် ကျောင်းတိုက်မှ ဒုလ္လဘသံဃာ(၁၂၀)ပါး၊ ရွှေဘုံသာကျောင်းတိုက်မှ ဒုလ္လဘသံဃာ(၅၀)ပါးနှင့် ပေတပင်ကျောင်းတိုက်မှ ဒုလ္လဘသီလရှင် (၁၂၀)တို့မှ မြို့ပေါ်ရပ်ကွက်များသို့ တန်းဆွမ်းလှည့်လည် အပူဇော်ခံလျက်ရှိရာ ရပ်ကွက်အသီးသီးမှ အလှူရှင်စေတနာရှင်များက ဆွမ်းခဲဘွယ်နှင့် ဝတ္တုငွေ များ ဆပ်ကပ်လှူဒါန်းကြကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)