MNP ၊ ဧပြီ ၁၇
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့အမှတ်(၁၁)ရပ်ကွက်ရှိ မဟာပုညဝဎ်ဍနပရိယတ္တိစာသင်တိုက်တွင် ဧပြီ(၁၇)ရက် နံနက် (၉)နာရီအချိန်ခန့်က သက်တော်ရှည်ဆရာတော်ကြီးများအား မဟာထေရ်ပူဇော်ပွဲအခမ်းအနားပြုလုပ်ကြောင်း သိရသည်။
ယင်းအခမ်းအနားကို သက်တော်ရှည်ဆရာတော်ကြီး(၂၅)ပါး တက်ရောက်ပူဇာ်ခံပြီး (၁၄)ပါးအားအဝေးရောက်ကန်တော့ခြင်းဖြင့် အစီအစဉ် (၇)ရပ်ဖြင့်ကျင်းပသည်။
ရှေ့ဦးစွာ နမောတဿ(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခြင်း၊ မိုးညိုကျောင်းတိုက်ပရိယတ္တိစာသင်တိုက်ဆရာတော်မှ မဟာထေရ်ဆရာတော်ကြီးများအား ပူဇော်ကန်တော့ချိုးဖြင့် ရွတ်ဆိုပြီး ပုညကာရီဆရာတော်ကြီးမှဆုမေတ္တာချီးမြှင့်ပြီးသြဝါဒမိန့်ကြားခြင်း၊ ဆက်လက်၍ အပူဇော်ခံမဟာထေရ်ဆရာတော်ကြီးများအား အလှူရှင်များမှလှူဒါန်းဖွယ်ရာများဆပ်ကပ်လှူဒါန်းခြင်း၊ မြို့နယ်သံဃနာယကဥက္ကဋ္ဌ မဟာပုညဝဎ်ဍနကျောင်းတိုက်ဆရာတော်မှ အဝေးရောက်ဆရာတော်ကြီးများ၏ ကိုယ်စား အလှူခံတော်မူပြီး သာသနာ့အကျိုးတော်ဆောင်ဓမ္မဝေပုလ္လအဖွဲ့မှ ဦးဆောင်၍ လှူဒါန်းမူ့ ကျပ်သိန်းပေါင်း(၁၀၀)သိန်းကျပ်ခန့်နှင့် စေတနာ့ရှင်များ၏ လှူဒါန်းဖွယ်ရာအစုစုအား ရေစက်ချတရားချီးမြှင့်ပြီး၊ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကိုအောင်မြင်စွာ ကျင်းပခဲ့သည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment