ချောက်မြို့နယ်တွင် နှစ်ဆန်း(၁)ရက်နေ့၌ သက်ကြီးဘိုးဘွားပူဇော်ကန်တော့ခြင်း၊ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ခြင်းတို့ဖြင့် ကုသိုလ်ယူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချောက်မြို့နယ်တွင် နှစ်ဆန်း(၁)ရက်နေ့၌ သက်ကြီးဘိုးဘွားပူဇော်ကန်တော့ခြင်း၊ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ခြင်းတို့ဖြင့် ကုသိုလ်ယူ


MNP - ဧပြီ    ၁၇

၁၃၈၃ ခုနှစ်၊ မြန်မာ့နှစ်သစ်ကူးနှစ်သစ်ကူးနှစ်ဆန်း(၁)ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာနခန်းမတွင် ယနေ့နံနက်(၉)နာရီအချိန်က ချောက်မြို့နယ်တွင် နှစ်ဆန်း(၁)ရက်နေ့၌ သက်ကြီးဘိုးဘွားများကို ပူဇော်ကန်တော့ခဲ့ကြကြောင်း သိရသည်။

မြန်မာတို့၏နှစ်ဟောင်းကုန်၍ နှစ်သစ်ကူးပြောင်းသောကာလဖြစ်သည်နှင့်အညီ နှစ်ဆန်း(၁)ရက်နေ့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်၊ အတွင်းရေးမှူးရဲမှူး စိုးစိုး၊ အဖွဲ့ဝင်(၂) ဦးခင်မောင်သန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအသင်းအဖွဲ့၊ ရက်ကွက်အုပ်ချုပ်ရေးမှူးများတို့က ကန်တော့ခံသက်ကြီးဘိုးဘွားတို့အား ကန်တော့ချိုးတိုင်ပေးပြီး ပူဇော်ကန်တော့ခဲ့သည် အသက်(၉၀) နှစ်နှင့် အထက် သက်ကြီးဘိုးဘွား(၈၆)ဦးထံ အရောက်တစ်ဦးလျှင် ငွေတစ်သောင်းနှုန်း ပေးအပ် လှူဒါန်း၍ ပူဇော်ပွဲတက်ရောက်သော ဘိုးဘွားတို့ကို မုန့်နှင့်နို့ဘူးတို့ ပေးအပ်ခဲ့သည်။ ဆက်လက်၍လည်း ယနေ့ညနေတွင် မဟာအေးစေတီဘုရားမှစကာ ချောက်မြို့နယ် သံဃာ့နာယက ဆရာတော် (၁၁)ပါးက မိုလာ၊ အမှတ်(၁)ရပ်ကွက် ရွှေပုံတောင်ရပ်အထိ လမ်းမတော်တစ်လျောက် မော်တော်ကားများဖြင့် လှည့်လည်၍ အန္တရာယ်ကင်းပရိတ်များ ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ကျော်မိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)