ရွှေဘို၌ အသက် ၉၀ နှစ်နှင့် အထက် သက်ကြီးဘိုးဘွား ကန်တော့ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေဘို၌ အသက် ၉၀ နှစ်နှင့် အထက် သက်ကြီးဘိုးဘွား ကန်တော့ပွဲကျင်းပ




MNP - ဧပြီ    ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ မြို့တော်ခန်းမတွင် ၁၃၈၄ခု နှစ်၊ မြန်မာနှစ်သစ်၊ နှစ်ဆန်း ၁ ရက်၊ ယနေ့ နံနက် ၉ နာရီအချိန်က ရွှေဘိုမြို့ပေါ်ရပ်ကွက်များရှိ အသက် ၉၀ နှစ်နှင့် အထက် အသက်ကြီးဘိုးဘွားများ ကန်တော့ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

ရှေဦးစွာ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးက ဘိုးဘွားများအား ကန်တော့ခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။ ထို့နောက် ကန်တော့ခံ ဘိုးဘွားများကို ကန်တော့ကြပြီး လှူဖွယ်ပစ္စည်းများကို လှူဒါန်းခဲ့ကြသည်။ ဘိုးဘွားများကိုယ်စား အဘိုးတစ်ဦးမှ ဆုတောင်း စကား ပြောကြားခဲ့သည်။ ယနေ့ ဘိုးဘွားကန်တော့ပွဲတွင် စာရင်းရှိ ၁၃၁ ဦးအနက် အဘိုးအဘွား ၅၅ ဦး ကန်တော့ခံခဲ့ပြီး မလာရောက်နိုင်သော ဘိုးဘွား ၇၆ ဦးတို့အား အိမ်တိုင်ရာ ရောက် သွားရောက်လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။ အဘိုးအဘွားများကို ဆေးဝါး၊ လူသုံး ကုန်ပစ္စည်းများနှင့် အလှူငွေများ လှူဒါန်းခဲ့ကြောင်း သိသည်။

သတင်း - စိုးသီဟ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)