မြိတ်မြို့တွင် မြန်မာနှစ်ဆန်း(၁)ရက်နေ့ ဇီဝိတဒါန စုပေါင်းငါးလွှတ်၍ ဘိုးဘွားများအား ပူဇော် ကန်တော့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြိတ်မြို့တွင် မြန်မာနှစ်ဆန်း(၁)ရက်နေ့ ဇီဝိတဒါန စုပေါင်းငါးလွှတ်၍ ဘိုးဘွားများအား ပူဇော် ကန်တော့







MNP - ဧပြီ    ၁၇

၁၃၈၄ ခုနှစ် မြန်မာနှစ်ဆန်း(၁)ရက်နေ့ နှစ်သစ်မင်္ဂလာအချိန်အခါတွင် မြန်မာတစ်နိုင်ငံလုံး၌ ကုသိုလ် ကောင်းမှုများ ပြုလုပ်လျက်ရှိကြရာ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ နှစ်သစ်ကူး ဇီဝိတဒါန စုပေါင်း ငါးလွှတ်ခြင်းနှင့် သက်ကြီးပူဇော်ကန်တော့ခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ ဇီဝိတဒါန စုပေါင်းငါးလွှတ်ခြင်းကို ဆိပ်ငယ်ဗောတံတားတွင် ပြုလုပ်ကြရာ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်၊ မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်နှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ ကြ၍ ဗောတံတားမှ မြိတ်ကမ်းနား ရေပြင်သို့ ကကတက်သားပေါက် အကောင်ရေ(၅၀,၀၀၀)၊ ရေငန်ပုစွန် အကောင်ရေ(၁၀,၀၀၀)၊ ကဏန်း အကောင် ရေ(၁၅၀၀)တို့ကို ဇီဝိတဒါနအဖြစ် တစ်ပျော်တပါးကုသိုလ်ပြု လွှတ်ပေးခဲ့ကြသည်။

ထို့နောက် ကလွင်ကျေးရွာရှိ တောင်သာယာ ဘိုးဘွားရိပ်သာသို့ မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဉာဏ်ဇော်နှင့် တာဝန်ရှိသူများက သွားရောက်၍ ဘိုးဘွားများအား ပူဇော်ကန်တော့ချိုးများဖြင့် ကန်တော့ကြပြီး ဘိုးဘွားများ၏ ဆုပေးစကားနှင့် ဆုတောင်းမေတ္တာပို့သမှုကို ခံယူခဲ့ကြကာ အာဟာရအဖြစ် အိုဗာတင်းနှင့် ဘီစကက်မုန့်များဖြင့် ဘိုးဘွားများအား ကန့်တော့ခဲ့ကြကြောင်း သိရသည်။  

သတင်း - ခိုင်ထူး 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)