MNP - ဧပြီ ၁၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မိုး ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက နှစ်ဆန်း ၁ ရက်နေ့ ယနေ့နံနက် ၈ နာရီက ဘုန်းတော်ကြီး ကျောင်းတိုက်များသို့ သွားရောက်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် မိုးညိုမြို့၊ မြို့မရပ်ကွက်ရှိ ဝေဇယန္တာပရိယတ္တိ စာသင်တိုက်မှ သံဃာတော် (၂၇)ပါးအား လည်းကောင်း၊ ဓမ္မိကပရိယတ္တိစာသင်တိုက်မှ သံဃာတောင် (၅)ပါး၊ စုစုပေါင်း သံဃာတော် (၃၂)ပါး တို့အား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinovac Vaccine) ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မိုးညိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ မြို့ပေါ်ရှိ ကျန်းမာရေးဦးစီးဌာနနှင့် မိခင်နှင့်ကလေးကျန်းမာရေးဌာနတို့တွင်လည်းကောင်း၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများသို့ ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သတင်း - ကိုမင်း
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment