နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန၌ “စိတ်နှလုံးအေးချမ်းပါစေ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန၌ “စိတ်နှလုံးအေးချမ်းပါစေ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

 


MNP - ဧပြီ   ၁

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှိ ဝန်ထမ်းများ၊  Youth Club နှင့်ပူးပေါင်း၍ စာရေးဆရာ အရှင်ဝရဗုဒ္ဓိ(ဓမ္မခရီးဖော်) ရေးသားသည့် ရေးသားသည့် “စိတ်နှလုံးအေးချမ်းပါစေ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန် နေ့နံနက်  (၁၀) နာရီအချိန်ခန့်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က လူငယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ် စေရန်နှင့် စာပေဖတ်ရှု့ခြင်းဖြင့် အသိပညာ ဗဟုသုတဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်၍  စာဖတ်ဝိုင်း ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က  အရှင်ဝရဗုဒ္ဓိ (ဓမ္မခရီးဖော်)  ရေးသားသည့် “စိတ်နှလုံးအေးချမ်းပါစေ” စာအုပ်ထဲမှ “အလုပ်ဟူသမျှ ဂုဏ်ရှိစွ” ခေါင်းစဉ်ကို ဖတ်ရှုဆွေးနွေးခဲ့ပြီး၊ တက်ရောက်လာသော Youth Club လူငယ်များက  စာအုပ်အကြောင်းအရာပါကို ခေါင်းစဉ်အသီးသီးဖြင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်း - သင်းသင်းမြတ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)