ပဒုမပါရမီတောရတွင် တည်ဆောက်မည့် သိမ်တော် သိမ်နုတ်၊ သိမ်သမုတ်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဒုမပါရမီတောရတွင် တည်ဆောက်မည့် သိမ်တော် သိမ်နုတ်၊ သိမ်သမုတ်ပွဲအခမ်းအနားကျင်းပ



MNP - ဧပြီ   ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၊ ကံကြီးကျေးရွာအုပ်စု၊ ခြောက်ကောင် ကျေးရွာရှိ ပဒုမပါရမီတောရတွင် တည်ဆောက်မည့် သိမ်တော်သိမ်နုတ်၊ သိမ်သမုတ်ပွဲကို ယနေ့ နံနက် ၆ နာရီက သိမ်တော်တည်ဆောက်မည့် မြေနေရာတွင် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရ သည်။

ရှေးဦးစွာ နိုင်ငံတော်သြဝါဒါစရိယ (အဘိဓဇမဟာရဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒဓ္ဓမ္မ ဇောတိကဓဇ) ပုသိမ်မြို့၊ နိဂြောဓာရုံညောင်ပင်သာကျောင်း ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တဝိဿုတ ဦးဆောင်အကြီးအမှူးပြု၍ သံဃာတော်အရှင်မြတ်များက မင်္ဂလာအချိန်တွင် အစီအစဉ်အလိုက် သိမ်နုတ်၊ သိမ်သမုတ်ခြင်းများကို ဆောင်ရွက်တော်မူကြ သည်။

ယင်းနောက် ပဒုမပါရမီတောရဆရာတော် အရှင်ပဒုမ ကြီးမှုး၍ အလှူရှင်များက သိမ်နုတ်၊ သိမ်သမုတ်ခြင်း အခမ်းအနားသို့ ကြွရောက်တော်မူကြသည့် သံဃာတော်အရှင်မြတ်များအား ဆွမ်းနှင့် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

အဆိုပါ သိမ်နုတ်၊ သိမ်သမုတ်ခြင်း အခမ်းအနားကို မင်္ဂလာအချိန် ညနေ ၅ နာရီတွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ကျော်ကျော်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)