MNP ၊ ဧပြီ ၂၈
သထုံခရိုင်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာနတွင် ယနေ့ နေ့လည်ပိုင်းက စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေး စာစောင် စာအုပ်ဖြင့် ဆွေးနွေးပွဲကို မြို့နယ်ရုံးရှိ ဝန်ထမ်းများနှင့်ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပေါင်မြို့နယ်ပြန်/ဆက်ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးမှ စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေး လက်စွဲစာစောင်စာအုပ်ဖြင့် ဆွေးနွေးပွဲကို ပြုလုပ်ရခြင်းမှာ ဝန်ထမ်းများအနေနှင့် စာကြည့်တိုက်လုပ်ငန်းလုပ်ကိုင်ရာတွင် စနစ်တကျနှင့် လျင်မြန်မှန်ကန်စွာလုပ်ကိုင်တတ်စေရန် စာကြည့်တိုက်လုပ်ငန်းကို ကျွမ်းကျင်စွာလုပ်ကိုင် တတ်စေရန်ရည်ရွယ်ပြီး ပြုလုပ်ရခြင်းဖြစ်ကြောင်းပြောသည်။
ထို့နောက် ဝန်ထမ်းများမှ စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းစာအုပ်စုဆောင်းခြင်း၊ စာအုပ်များကို မျိုးတူစုပြုခြင်း၊အားဖြင့် ရရှိနိုင်သော အကျိုး ကျေးဇူးများ စာကြည့်တိုက်မှူးကောင်းတစ်ဦးတွင် ရှိသင့်သည့် အရည်အချင်း(၁၀)ချက်၊ စာအုပ်များတွင် မှတ်သားမှုစနစ်နှင့် စာကြည့်တိုက်အမျိုးအစား၊ အကြောင်းအရာများကိုအချင်းချင်းအပြန်အလှန်ဆွေးနွေး ခဲ့ကြကြောင်းသိရသည်။
တင်ဇာစိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment